DVB Logo
Home
မြန်မာသတင်း
စားအုန်းဆီသတ်မှတ်ဈေးနှုန်း ထပ်မံမြင့်တက်လာ
DVB
·
November 5, 2024
စားအုန်းဆီသတ်မှတ်ဈေးနှုန်း ထပ်မံမြင့်တက်လာ
Donate to DVB

စစ်ကောင်စီရဲ့ စားအုန်းဆီ အခြေခံ လက်ကားရည်ညွှန်းဈေးဟာ နိုဝင်ဘာ  ၃ ရက်က  တပိဿာ ၆၃၂၀ ကျပ်သာ ရှိခဲ့ပေမဲ့ စက်တင်ဘာ ၄ ရက်မှာ ၆၅၉၅ ကျပ်လို့ တိုးမြှင့်သတ်မှတ်ခဲ့တာကြောင့် ကျပ် ၃၀၀ ဝန်းကျင် ထပ်မံ မြင့်တက်လာပါတယ်။

စားအုန်းဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးကော်မတီက သတ်မှတ်တဲ့ စားအုန်းဆီရည်ညွှန်းဈေးနှုန်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းက စတင်ကာ ပြန်လည်မြင့်တက်လာတာဖြစ်ပြီး အောက်တိုဘာ ၂၇ ရက်က တပိဿာကို ကျပ် ၆၂၆၅ ကျပ်သာ ရှိခဲ့ပါတယ်။

သီတင်းပတ် တပတ်ကျော်အတွင်းမှာ ၄ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းကြား ပြန်မြင့်တက်လာတာ ဖြစ်ပြီး ပြင်ပဈေးကွက်မှာတော့  တပိဿာကို ကျပ် ၁၀၀၀၀ အထက်မှာရှိတယ်လို့ စားသုံးသူ အိမ်ရှင်မတွေက ပြောပါတယ်။

ရန်ကုန်မြို့နေ အိမ်ရှင်မတယောက်က "အပြင်မှာက ၁၄၀၀၀ လောက်ထိ ပေါက်တယ်။ စာအုပ်နဲ့ တန်းစီတဲ့သူတွေက လည်းပြန်ရောင်းကြဝာယ်။ ရည်ညွှန်းဈေး တက်ရင်တော့ ထပ်တက်မယ်ထင်တယ်" လို့ ပြောပါတယ်။

စားအုန်းဆီရည်ညွှန်းဈေးကို ကမ္ဘာ့ဈေးနှုန်းပြောင်းလဲမှုအပေါ်မူတည်ပြီး သယ်ယူပို့ဆောင်ခ အပါအဝင် ကျသင့်တဲ့ အခွန်အခတွေ ထည့်ပေါင်းပြီး ဈေးနှုန်းသတ်မှတ်တာ ဖြစ်တယ်လို့ စစ်ကောင်စီရဲ့  စီးပွားကူးသန်းဝန်ကြီးဌာနက ဆိုထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီဟာ သမဝါယမစနစ်ပုံစံ စာအုပ်နဲ့ စားအုန်းဆီဝယ်ယူခွင့်ပေးနေပြီး တပိဿာကို ကျပ် ၇၀၀၀ ကျော်နဲ့ ရောင်းချပေးနေတာဖြစ်တယ်လို့ စားအုန်းဆီ တန်းစီဝယ်ယူသူတွေဆီက သိရပါတယ်။

မြန်မာနိုင်ငံရဲ့ စားအုန်းဆီတရားဝင်တင်သွင်းမှုက  တနှစ်ကို တန်ချိန် ၈ သိန်းကျော် ရှိပြီးတော့ တရားမဝင်ဝင်ရောက်တဲ့ စားဆီတွေအပါအဝင် စုစုပေါင်းတင်သွင်းမှုက တနှစ်ကို တန်ချိန် တသန်းလောက် ရှိပါတယ်။

လတ်တလော ပြင်ပငွေကြေးဈေးကွက်မှာတော့ ဒေါ်လာနဲ့ ကျပ်ငွေလဲလှယ်နှုန်း ပြန်ကျဆင်း‌နေပေမဲ့ စားအုန်းဆီ လက်ကားရည်ညွှန်းဈေးက မြင့်တက်နေတာပါ။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက  အမေရိကန် တဒေါ်လာငွေလဲနှုန်းက  ကျပ် ၇၀၀၀ အထက်ရှိခဲ့ပြီး နိုဝင်ဘာ ၅ ရက် ဒီနေ့ မနက်ပိုင်းမှာတော့ တဒေါ်လာကို ကျပ်‌ ၄၅၀၀ ဝန်းကျင်အထိ ကျဆင်းနေပါတယ်။

စစ်ကောင်စီက စားအုန်းဆီတင်သွင်းရာမှာ လိုအပ်တဲ့ အမေရိကန်ဒေါ်လာငွေရဲ့ ၆၅ ရာခိုင်နှုန်းကို အွန်လိုင်းငွေလဲနှုန်း၊ ၃၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်စျေး နဲ့ထုတ်ရောင်းချပေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013