
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း နဲ့ သမီးတို့ဟာ အာဏာရ ကိုရီးယား အလုပ်သမားများပါတီ (WPK) ရဲ့ ၈၁ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဖျော်ဖြေပွဲတခုကို ကြည့်ရှုအားပေးခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံလိုင်း KRT က အောက်တိုဘာ ၁၁ ရက်မှာ ထုတ်လွှင့်ပါတယ်။
အောက်တိုဘာ ၁၀ ရက်က ပြုံယမ်း အားကစားရုံမှာ ကျင်းပတဲ့ ဖျော်ဖြေပွဲကို ကင်မ်ဂျုံအန်းနဲ့ သူ့သမီး ကင်မ်ဂျူအေး၊ ဇနီးဖြစ်သူ ရိဆိုးဂျူးတို့က နိုင်ငံခြားသံတမန်တွေနဲ့အတူ ကြည့်ရှုနေပုံကို KRT က ထုတ်လွှင့်ခဲ့ပါတယ်။
မြောက်ကိုရီးယား အာဏာရပါတီ WPK ကို နိုင်ငံတည်ထောင်သူ ကင်မ်အီဆွန်းက ၁၉၄၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး လက်ရှိမှာ မြေးဖြစ်သူ ကင်မ်ဂျုံအန်းရဲ့ ဦးဆောင်မှုအောက်မှာ ရှိနေပါတယ်။
စက်တင်ဘာ ၂၁ ရက်က စစ်မဲ့ဇုန် (DMZ) ရဲ့ အနောက်ဘက်ခြမ်း၊ စစ်ရေးအရ နယ်နိမိတ်ခွဲခြားထားတဲ့မျဉ်း (MDL) ရဲ့ တောင်ဘက်မှာ မြေမြှုပ်မိုင်း ပေါက်ကွဲခဲ့ပြီး တောင်ကိုရီးယားစစ်သား ၃ ယောက် ဒဏ်ရာရခဲ့ပြီးတဲ့နောက် ကိုရီးယားကျွန်းဆွယ်မှာ အခြေအနေ တင်းမာနေချိန်မှာ နှစ်ပတ်လည် အခမ်းအနားတွေကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။
Source: Reuters











