DVB Logo
Home
မြန်မာသတင်း
မအူပင်တွင် စစ်တပ်က အဓမ္မသိမ်းထားသည့် ဆိုင်ကယ်များကို လျှော့ဈေးဖြင့် ပြန်ရောင်း
DVB
·
November 5, 2024
မအူပင်တွင် စစ်တပ်က အဓမ္မသိမ်းထားသည့် ဆိုင်ကယ်များကို လျှော့ဈေးဖြင့် ပြန်ရောင်း
Donate to DVB

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ခြိမ်းခြောက်ဖမ်းထားတဲ့ ဆိုင်ကယ် အစီးရေ ၅၀ ကျော်ကို စစ်ကောင်စီက လျှော့ဈေးနဲ့ ပြန်လည်ရောင်းချနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ်လနဲ့ စက်တင်ဘာလအတွင်းက မအူပင်မြို့နယ်ထဲက အရပ်သား ဒေသခံတွေဆီကနေ စစ်ကောင်စီတပ်နဲ့ ရဲတွေ အဓမ္မဖမ်းဆီးထားတဲ့ ဆိုင်ကယ်အစီးရေ ၅၀ ကျော်ကို နိုဝင်ဘာ ၃ ရက်က စတင်ပြီး လျှော့ဈေးနဲ့ ပြန်လည်ရောင်းချနေတာပါ။

ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ဆိုင်ကယ်ဈေးကတော့ အရမ်းတန်တယ်။ အပြင်ဆိုင်မှာ ကျပ် ၂၇ သိန်းတန်ကို ၆ သိန်း၊ ၇ သိန်းနဲ့ရတယ်။ တချို့ဆိုင်ကယ်တွေဆို အသစ်စက်စက်တွေလည်း ပါတယ်။ ဆိုကယ်က အမျိုးအစား အစုံပါပဲ။ လာဝယ်ကြတဲ့သူတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတွေက လျှော့ဈေးနဲ့ ထုတ်ရောင်းချတဲ့ ဆိုင်ကယ်အမျိုးစားတွေဟာ 125၊ ကင်ဘို၊ စူပါကပ်၊ စကိုးဖီလ် စတဲ့ဆိုင်ကယ်တွေဖြစ်ပါတယ်။

မအူပင် ဒေသခံတယောက်က “ဆိုင်ကယ်တွေ သက်သက်သာသာနဲ့ ရောင်းပေးတယ်ဆိုလို့ ကျနော် သွားကြည့်တာ။ အဲ့ထဲမှာ အဖမ်းခံထားရတဲ့ ကျနော့်ဆိုင်ကယ်ပါ တွေ့တာ။ ဆိုင်ကယ်တွေ့လို့ ပြန်တောင်းတော့ မပေးဘူး။ ရဲတွေက သူတို့ပိုင်တယ်လို့ ပြောတာ။ ကျနော်က ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေ ပြပေးတယ်၊ မရဘူး။ အဲ့ဆိုင်ကယ် အခုနှစ် မတ်လကမှ ဝယ်ထားတာ” လို့ ပြောပါတယ်။

အဲဒီဆိုင်ကယ်တွေရဲ့ မူလဆိုင်ကယ်ပိုင်ရှင်တွေက အမည်ပေါက်ပိုင်ဆိုင်မှုရှိကြောင်း အထောက်ပြသပေမဲ့ စစ်ကောင်စီတပ်နဲ့ ရဲတွေက မူလပိုင်ရှင်ကို ဆိုင်ကယ် ပြန်လည်ထုတ်ယူခွင့် မပေးဘဲ နိုင်ငံပိုင်အဖြစ် သိမ်းဆည်းကာ အခုလို ရောင်းချနေတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလလတုန်းကလည်း မအူပင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ရက်ဆက် ဆိုင်ကယ်ဖမ်း သိမ်းဆည်းပြီး ဆိုင်ကယ်အစီးရေ ၁၀၀ နီးပါးကို ငွေကျပ် ၁ သိန်းကနေ ၃ သိန်းအထိ တောင်းယူကာ ပြန်ရွေးခိုင်းခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013