DVB Logo
Home
မြန်မာသတင်း
ပင်လောင်းတိုက်ပွဲတွင် PNO ပြည်သူ့စစ် ဗိုလ်ကြီး အပါအဝင် ၅ ဦး သေဆုံး
DVB
·
November 4, 2024
ပင်လောင်းတိုက်ပွဲတွင် PNO ပြည်သူ့စစ် ဗိုလ်ကြီး အပါအဝင် ၅ ဦး သေဆုံး
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဗန်းမောက်၊ နောင်ဝိုးတိုက်ပွဲအတွင်း PNO ပြည်သူ့စစ် ဗိုလ်ကြီး ခွန်သိန်းဇော် အပါအဝင် ၅ ယောက် သေဆုံးခဲ့တယ်လို့  ဒေသခံတွေထံက သိရပါတယ်။

ပင်လောင်းတောင်ဘက်မှာ တော်လှန်ရေးတပ်ပေါင်းစုနဲ့ စစ်ကောင်စီအကြား တိုက်ပွဲဖြစ်ပွားတာဖြစ်ပြီး အဲဒီတိုက်ပွဲမှာ PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက စစ်ကောင်စီနဲ့ ပူးပေါင်းပြီး တိုက်ခိုက်နေချိန် နိုဝင်ဘာ ၂ ရက်မှာ ကျဆုံးခဲ့တာလို့ ပြောပါတယ်။

ဒေသခံအမျိုးသားတယောက်က “PNO က ပအိုဝ်းလူမျိုး ပြည်သူကို မကြည့်ဘဲ ကိုယ်ကျိုးစီးပွားအတွက် တိုက်ပွဲဝင်တာ ဖြစ်တယ်။ ဗိုလ်ကြီးသိန်းဇော်ကလည်း အာဏာရူးသူ၊ ကိုယ်ကျိုးစီးပွားအတွက်ပဲ PNO ထဲ ပါဝင်သူဖြစ်တယ်။ ရွာကလူငယ်တွေကို PNO ထဲသွင်းပေး၊ အတင်းအဓမ္မခေါ်ခဲ့တဲ့သူ ဖြစ်တယ်” လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ PNO ပြည်သူ့စစ်တပ်သား ၄ ‌ယောက်ကတော့ ၁၅ ရက်သင်တန်းကို PNO က အတင်းအဓမ္မတက်ခိုင်းတဲ့ ပြည်သူတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နောက်ဒေသခံတယောက်က “တောင်ကြီးမြို့နယ်၊ ပင်လောင်းမြို့နယ် ကျေးရွာဘက်က လူငယ်တွေကို ကျေးရွာလုံခြုံရေးအတွက်ဆိုပြီး ၁၅ ရက်သင်တန်း တက်ထားတဲ့သူတွေ ဖြစ်တယ်။ သင်တန်းတက်ပြီးတော့ ရွာရဲ့လုံခြုံရေးမယူရဘဲ ရှေ့တန်းမှာ တိုက်ပွဲဝင်ရတာ ဖြစ်တယ်။ ၁၅ ရက်သင်တန်းပဲဆိုတော့ တိုက်ပွဲအတွေ့အကြုံမရှိဘဲ ခုလို သေဆုံးရတာ ဖြစ်တယ်။ သေဆုံးသွားတဲ့သူတွေရဲ့ မိသားစုတော့ အရမ်းစိတ်ထိခိုက်ကြရတယ်” လို့ ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ တော်လှန်ရေးဘက်ကော၊ စစ်ကောင်စီဘက်ပါ နှစ်ဖက်စလုံး အကျအဆုံးများနေပြီး စစ်တပ်ဘက်က ဒရုန်း၊ လေကြောင်း၊ လက်နက်ကြီးပစ်ကူ နေ့စဉ်နီးပါး အသုံးပြု တိုက်ခိုက်နေပါတယ်။

ပင်လောင်းတောင်ဘက် ၂ လကျော်ကြာ စစ်ကောင်စီ ထိုးစစ်အတွင်းမှာ ကျေးရွာ ၂၀ ကျော်က ပြည်သူ ၃ဝ,ဝဝဝ ကျော် ဘေးကင်းရာ စစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်ချက်တွေ ရှိနေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013