DVB Logo
Home
မြန်မာသတင်း
တောင်သာတွင် ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
DVB
·
November 3, 2024
တောင်သာတွင် ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
Donate to DVB

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ ပျူစောထီးစခန်း ၁ ခုကို နိုဝင်ဘာ ၁ ရက်နေ့ မနက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် အမှတ် ၈၁၅ တပ်ဖွဲ့ဆီကနေ သိရပါတယ်။

အမှတ် ၈၁၅ တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “တောင်သာမြို့နယ်ထဲက တလိုင်းရပ်ရွာ။ သူတို့ဒေသအခေါ်ကတော့ ရွာသစ်ရွာပေါ့။ အဲဒီမှာရှိတဲ့ ပျူစောထီးအထိုင်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။ လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရရှိခဲ့ပါတယ်” လို့ ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း ပျူစောထီးအထိုင်စခန်းကနေ ကာဘိုင်သေနတ် ၁ လက်၊ ရှော့ဂန်း ၁ လက်၊ ၇.၆၂ ကျည် ၁၉၅ တောင့်၊ ကာဘိုင်ကျည် ၆၅ တောင့်၊ ရှော့ဂန်းကျည် ၃၇ တောင့်၊ MG1 လက်ပစ်ဗုံး ၁ လုံး၊ ကျည်ကာ ၁ ထည်၊ ငွေ ၁ သိန်းကျော်နဲ့ စစ်ယူနီဖောင်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

အမှတ် ၈၁၅ တပ်ဖွဲ့ရဲ့ တာဝန်ခံတယောက်က “တိုက်ခိုက်ချိန်က နာရီဝက်လောက်ပဲ ကြာတယ်ဗျ။ သူတို့စခန်းကကောင်တွေ ဒဏ်ရာရပြီး ထွက်ပြေးသွားကြတယ်။ စခန်းထဲကပစ္စည်းတွဝ၀င်သိမ်းတော့ အလောင်းတွေတော့မတွေ့ဘူး။ သွေးကွက်တချို့တော့ တွေ့ခဲ့ရတယ်” လို့ DVB ကို ပြောပါတယ်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ) က  တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့​ကြတာဖြစ်ပြီး ဒဏ်ရာရရှိသူမရှိဘဲ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013