DVB Logo
Home
မြန်မာသတင်း
ရန်ကုန်အဝင်ဂိတ်တွင် ခရီးသည်တင်ကား ၅ စီးဆင့်တိုက်ပြီး ၁ ဦးသေ၊ ၄ ဦးဒဏ်ရာရ
DVB
·
November 3, 2024
ရန်ကုန်အဝင်ဂိတ်တွင် ခရီးသည်တင်ကား ၅ စီးဆင့်တိုက်ပြီး ၁ ဦးသေ၊ ၄ ဦးဒဏ်ရာရ
Donate to DVB

လှည်းကူးမြို့နယ်၊ ရန်ကုန် - မန္တလေး အမြန်လမ်းပေါ်က ၀ မိုင် တိုးဂိတ်မှာ ဒီနေ့နိုဝင်ဘာ ၃ ရက် မနက်အစောပိုင်းက ကား ၅ စီးဆင့်တိုက်လို့ အမျိုးသမီး ၁ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။

ရန်ကုန်မြို့အဝင် တိုးဂိတ်နားမှာ ဒီနေ့မနက် ၄ နာရီကျော်က တိုးဂိတ်ဖြတ်သန်းဖို့ တန်းစီ စောင့်ဆိုင်းနေတဲ့ ကားတွေကို ခရီးသည်တင်ကား ၁ စီးက အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့ရာက ဆင့်ကဲတိုက်မိခဲ့တာလို့ နယ်ခံလူမှုကူညီရေးအသင်းဝင်တယောက်က ပြောပါတယ်။

“ရှေ့က တန်းစီစောင့်နေတဲ့  Express ကား ၄ စီးကို နောက်ကနေ ဝင်တိုက်တာပါ။ မနက် အစောကြီးဆိုတော့ ယာဉ်မောင်းက အိပ်ငိုက်ပြီးဝင်တိုက်တာထင်တယ်။ ဝင်တိုက်တဲ့ကားကပဲ သေဆုံးတာရော ထိခိုက်တာရောရှိတာပါ”

ကား ၅ စီး ဆင့်တိုက်မိလို့ ရွှေပွင့်ဖြူ ကားပေါ်ပါ ပွင့်ဖြူမြို့နယ်နေသူ အသက် ၂၃ နှစ်အရွယ် မသင်းယမုံဟာ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့သလို ယာဉ်မောင်းနဲ့ ယာဉ်အကူ အမျိုးသား ၂ ယောက်၊ ခရီးသည်အမျိုးသား ၂ ယောက်လည်း ထိခိုက်ဒဏ်ရာတွေရရှိသွားတာကြောင့် လှည်းကူးဆေးရုံကို ပို့ဆောင်ပေးခဲ့ကြရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ခရီးသည်တင်ယာဉ်တိုက်မှုကြောင့် မြတ်မန္တလာထွန်း၊ နယူးရွှေမြင့်မိုရ်၊ ရွှေပွင့်ဖြူအပါအဝင် ခရီးသည်တင်ယာဉ် ၅ စီးရဲ့ ရှေ့လေကာမှန်တွေ ပျက်စီးခဲ့တယ်လို့လည်း နယ်ခံ လူမှုကူညီရေး အသင်းဆီက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့ကလည်း နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ရပ်ထားတဲ့ကားကို နောက်ကကားတစီးကဝင်တိုက်မိရာက ဝင်တိုက်တဲ့ကားပေါ်ပါသူ ၂ ယောက် သေဆုံးခဲ့ပြီး ၁၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013