DVB Logo
Home
မြန်မာသတင်း
တပ်ရင်းမှူးသင်တန်းတက်ရန်သွားသည့် သမားတော်ဗိုလ်မှူးကို ရန်ကုန်တိုင်းစစ်ဌာန ဖမ်းဆီး
DVB
·
November 3, 2024
တပ်ရင်းမှူးသင်တန်းတက်ရန်သွားသည့် သမားတော်ဗိုလ်မှူးကို ရန်ကုန်တိုင်းစစ်ဌာန ဖမ်းဆီး
Donate to DVB

စစ်ကောင်စီတပ်က သမားတော်ဗိုလ်မှူး ၁ ယောက်ကို အောက်တိုဘာ ၃၁ ရက်နေ့မှာ မိသားစုဝင်တွေနဲ့အတူ ပဲခူးတိုင်းထဲမှာ အရှင်ဖမ်းမိခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၂ က နိုဝင်ဘာ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

တပ်ရင်း ၅၁၀၂ ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “သူက သူ့မိသားစုနဲ့ တပ်မတော်(ကြည်း) လက်အောက်ခံ သံတောင်ကြီးတိုက်ခိုက်ရေးကျောင်းကို ခြေလျင်တပ်ရင်းမှူးသင်တန်း တက်ဖို့အသွား ပဲခူးတိုင်းထဲက လမ်းပိုင်းတနေရာမှာ အရှင်ဖမ်းမိခဲ့တာပါ” လို့ DVB ကိုပြောပါတယ်။

ဖမ်းဆီးရမိသူတွေဟာ တဆရ - ၁၂/၁၀၀ (ထားဝယ်) က သမားတော် ဗိုလ်မှူးထိန်တောက် ဆိုသူနဲ့ မိသားစုဝင်တွေဖြစ်ကြတယ်လို့ ဆိုပါတယ်။

တပ်ရင်း ၅၁၀၂ ရဲ့ တာဝန်ရှိသူတယောက်က “သူတို့တွေအားလုံးကို သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားပြီး လူအခွင့်အရေး အပြည့်အဝရရှိစေဖို့ကိုလည်း စီစဉ် ဆောင်ရွက်ပေးထားပါတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးရမိသူတွေကို စစ်ဆေးဆောင်ရွက်တာတွေ ဆက်လက်ပြုလုပ်နေတယ်လို့ သူက ဆက်ပြောပေမဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်မှူးထိန်တောက်နဲ့အတူ ဖမ်းဆီးရမိတဲ့ မိသားစုဝင်အရေအတွက်ကိုတော့ ထုတ်ဖော်ပြောဆိုတာမရှိခဲ့ပါဘူး။

ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၂ ဆီကို ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာ တပ်မ ၄၄ လက်အောက်ခံ ခမရ ၂ က တပ်သား ဝေလင်းထက် နဲ့ ခလရ ၁၂၊ တပ်ရင်း ၃၅၆ က တပ်သား ခွန်ကျော်ဦး၊ စက်တင်ဘာလအတွင်းမှာ စစ်ကောင်စီရဲ့ ရေတပ်၊ အမှတ် ၂ ဗျူဟာစစ်ရေယာဉ်စု၊ မော်လမြိုင် ဟိန်းဇဲဒေသက တပ်ကြပ်ညီညီလွင် တို့ဟာ လက်နက်မဲ့ အလင်းဝင်ရောက်လာကြလို့ သတ်မှတ်ထားတဲ့ ဆုကြေးငွေတွေ ချီးမြှင့်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013