DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် စစ်အာဏာသိမ်းပြီးနောက် သတင်းထောက် ၁၁ ဦးသေဆုံး၊ မီဒီယာဖိနှိပ်မှု ပိုဆိုးလာ
DVB
·
November 1, 2024
မြန်မာတွင် စစ်အာဏာသိမ်းပြီးနောက် သတင်းထောက် ၁၁ ဦးသေဆုံး၊ မီဒီယာဖိနှိပ်မှု ပိုဆိုးလာ
Donate to DVB

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းစကနေ ၂၀၂၄ စက်တင်ဘာလအထိ သတင်းထောက် ၂၁၃ ယောက် ဖမ်းဆီးခံခဲ့ရပြီး ၁၁ ယောက် သေဆုံးခဲ့တယ်လို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အသံအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ ၂၁၃ ယောက်မှာ အမျိုးသမီး ၂၆ ယောက်၊ အမျိုးသား ၁၈၇ ယောက် ပါဝင်ပါတယ်။ အဲဒီအထဲက ၅၅ ယောက် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပြီး ၁၅၅ ယောက်ကတော့ ပြန်လည်လွတ်မြောက်လာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီက သတင်းထောက် ၇၆ ယောက်ကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ထားသလို ဖမ်းဆီးထိန်းသိမ်းထားရင်း သေဆုံးသွားခဲ့ရတဲ့ သတင်းထောက်တွေ အပါအဝင် သတ်ဖြတ်ခံရတဲ့ သတင်းသမား စုစုပေါင်း ၁၁ ယောက်ရှိပြီလို့ အသံအဖွဲ့ရဲ့ သုတေသီ ကိုနော်စိုင်းက DVB ကို ပြောပါတယ်။ သေဆုံးမှုတွေက လွန်ခဲ့တဲ့ ၃ နှစ်ကထက် ၂၀၂၄ ခုနှစ် ၉ လတာက ပိုများလာတယ်လို့ ဆိုပါတယ်။

“အာဏာရှင်ကြီးစိုးတဲ့ နိုင်ငံတွေမှာတော့ သူတို့ကို ဝေဖန်ထောက်ပြနေတဲ့ မီဒီယာအဖွဲ့အစည်းတွေ၊ ဂျာနယ်လစ်တွေကို ဖိနှိပ်ချင်ကြတာပေါ့။ မြန်မာပြည်မှာလည်း သတင်းမီဒီယာ အပါအဝင် လူထုကို ဖမ်းဆီးသတ်ဖြတ်တာတွေက ပိုပိုဆိုးလာတာပေါ့။ ဒီနှစ်ထဲမှာ သတင်းထောက်သေဆုံးတာက အရင် ၃ နှစ်ကထက် ပိုများနေတာကိုလည်း စိတ်မကောင်းစရာ သိရပါတယ်။ ဘာလို့ ဒီလိုလုပ်နေတာလဲဆိုတော့ ပိုပြီး ဖမ်းဆီးပြတယ်၊ နှိပ်စက်ပြတယ်၊ သတ်ဖြတ်ပြတယ်။ ဒါက သူတို့ရဲ့ ဝါဒဖြန့်ယန္တရားကို ပြချင်တယ်၊ လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ဖိနှိပ်ချင်တယ်၊ နောက် လူထုနဲ့ တော်လှန်ရေးကြားက သတင်းစီးဆင်းတာကို ဖြတ်တောက်ချင်တယ်၊ ဒီလိုတွေကြောင့်လို့ ကျနော်မြင်ပါတယ်။”

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အသံအဖွဲ့က ဒုတိယသုံးလတာအတွက် ဂျာနယ်လစ်ဇင်ဆိုင်ရင် နောက်ဆုံးအချက်တွေနဲ့ မြန်မာနိုင်ငံက မီဒီယာလုံခြုံမှုစာတမ်းကို အောက်တိုဘာ ၃၁ ရက်မှာ မိတ်ဆက် ထုတ်ပြန်ခဲ့ပါတယ်။

စက်တင်ဘာလ တလတည်းမှာပဲ သတင်းထောက်တွေအပြင် လူမှုကွန်ရက်စာမျက်နှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ပို့စ်တွေ ရေးသားဖော်ပြတာ၊ မျှဝေတာတွေကို လုပ်ခဲ့လို့ သတင်းထောက်မဟုတ်တဲ့ ပြည်သူ ၆ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013