DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်၏ အိမ်ဖြူတော် မီဒီယာပိတ်ပင်မှုကို တရားရုံးက ယာယီတားဆီးမိန့်ချ 
DVB
·
September 24, 2026
Photo: Reuters
Photo: Reuters
Donate to DVB

CNN၊ MS NOW နဲ့ Politico သတင်းဌာနတွေကို အိမ်ဖြူတော်ဝင်ရောက်သတင်းယူခွင့် ပိတ်ထားတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဆုံးဖြတ်ချက်ကို တရားရုံးက ယာယီတားဆီးပြီး ဝင်ခွင့်ချက်ချင်းပြန်ပေးဖို့ အမိန့်ချလိုက်ပါတယ်။

စက်တင်ဘာ ၂၄ ရက်မှာ ကိုလံဘီယာခရိုင် ဖက်ဒရယ်တရားရုံးက ၁၄ ရက်ကြာ ယာယီတားမြစ်မိန့် ထုတ်ပြန်ခဲ့တာပါ။

ထရမ့်ပ်က စက်တင်ဘာ ၁၈ ရက်မှာ မီဒီယာ ၃ ခုကို အိမ်ဖြူတော်ကနေ ပိတ်ပင်ပြီး သတင်းထောက်တွေရဲ့ hard pass ကတ်တွေကို ပယ်ဖျက်ခဲ့ပါတယ်။

ဒီနောက် CNN, MS NOW နဲ့ Politico တို့က ပိတ်ပင်မှုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးလို့ ဆိုပြီး တရားစွဲခဲ့ပါတယ်။

ထရမ့်ပ်အစိုးရဘက်ကတော့ မီဒီယာတွေဟာ သတင်းမှားတွေ ဖော်ပြပြီး အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ တရားရုံးမှာ အကြောင်းပြခဲ့ပါတယ်။

ဒါပေမဲ့ တရားသူကြီး တီမိုသီကယ်လီက ပိတ်ပင်မှုမလုပ်ခင် လိုအပ်တဲ့ တရားမျှတတဲ့ လုပ်ထုံးလုပ်နည်းကို အိမ်ဖြူတော်ဘက်က မပေးခဲ့ဘူးလို့ သုံးသပ်ပါတယ်။

မီဒီယာတွေရဲ့ hard pass တွေကို ပယ်ဖျက်တာက “အမျိုးသားလုံခြုံရေးကို တကယ်ကာကွယ်နိုင်မယ်ဆိုတဲ့ အထောက်အထား မရှိဘူး” လို့လည်း တရားသူကြီးက ဆိုပါတယ်။

အိမ်ဖြူတော်က ကန့်ကွက်ခဲ့တဲ့ သတင်းအများစုကို ရေးသားသူတွေဟာ hard pass ကိုင်ထားတဲ့ သတင်းထောက်တွေတောင် မဟုတ်ဘူးလို့ တရားရုံးက ထောက်ပြပါတယ်။ အိမ်ဖြူတော်ဘက်က တရားရုံးဆုံးဖြတ်ချက်အပေါ် ချက်ချင်း မှတ်ချက် မပေးသေးပါဘူး။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013