DVB Logo
Home
နိုင်ငံတကာ
အနောက်ဘက်ကမ်းတွင် အစ္စရေး စီးနင်းမှုကြောင့် ကလေးငယ် အပါအဝင် ၃ ဦး သေဆုံး
DVB
·
November 1, 2024
အနောက်ဘက်ကမ်းတွင် အစ္စရေး စီးနင်းမှုကြောင့် ကလေးငယ် အပါအဝင် ၃ ဦး သေဆုံး
Donate to DVB

အနောက်ဘက်ကမ်းရှိ တူးလ်ကမ်မြို့ကို အောက်တိုဘာ ၃၁ ရက်က အစ္စရေးရဲ့ ဝင်ရောက် စီးနင်းမှုတွေနဲ့ တိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တယောက် အပါအဝင် ပါလက်စတိုင်း ၃ ယောက် သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ပါတယ်။

တူးလ်ကမ်မြို့ရှိ အနောက်ဘက်ကမ်း ဒုက္ခသည်စခန်းမှာ အစ္စရေးစစ်တပ်က ပါလက်စတိုင်းတယောက်ကို ညတွင်းချင်း ပစ်သတ်ခဲ့ကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

အစ္စရေးစစ်တပ်ကတော့ နူးရ်ရှမ်စ် ဒုက္ခသည်စခန်းမှာ “အကြမ်းဖက် အခြေခံအဆောက်အဦ” ကို ပစ်မှတ်ထားပြီး စစ်ဆင်ရေး လုပ်ဆောင်နေတာဖြစ်ကြောင်း ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

အစ္စရေးမော်တော်ယာဉ် အမြောက်အမြားနဲ့ ဘူဒိုဇာ အကြီးစားတွေက မြို့ကိုဝင်စီးပြီးတော့ နူးရ်ရှမ်စ် စခန်းဘက်ကို ဦးတည်သွားတယ်လို့ ပါလက်စတိုင်းသတင်းအေဂျင်စီ WAFA က ထုတ်ပြန်ပါတယ်။

စခန်းကို ဝင်ရောက်စီးနင်းမှုအတွင်း ပါလက်စတိုင်း ဒုက္ခသည်အေဂျင်စီ UNRWA က လည်ပတ်လုပ်ကိုင်နေတဲ့ ဆေးခန်းတခုလည်း ဖျက်ဆီးခံခဲ့ရပြီး လမ်းတွေလည်း ဖြိုဖျက်ခံခဲ့ရပါတယ်။

ဟီဘရွန်မြို့ကြီးရှိ ဒူရာမြို့ကိုလည်း အစ္စရေးစစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ပြန်လွှတ်ပေးလိုက်သူတွေကို သူတို့နဖူးပေါ်မှာ နံပါတ်စဉ်တပ်ပြီး အမှတ်အသားပြုခဲ့ပါတယ်။

လွတ်မြောက်လာသူ အဖမ်းခံ ပါလက်စတိုင်းလူမျိုး အူဆာမာ ရှာဟီးန်က သူ့အိမ်ကို မိုးလင်းခါနီး ဝင်စီးနင်းချိန်မှာ တံခါးကို ဖြိုဖျက်ပြီး အိမ်ထဲမှာ ဘာပစ္စည်းမှ မကျန်တော့တဲ့အထိ ဖျက်ဆီးခဲ့ကြောင်းနဲ့ သူ့အိမ်ကနေ ခေါ်သွားပြီးတော့ အစ္စရေးစစ်တပ် အခြေစိုက်စခန်းတခုအနီး မာ့ရှ်နူးလမ်းဆုံကို ရောက်တဲ့အထိ တလမ်းလုံး ပုံစံအမျိုးမျိုးနဲ့ ရိုက်နှက်ခေါ်ဆောင်လာခဲ့ကြောင်း ပြောပြပါတယ်။

ဦးခေါင်းနဲ့ ရင်ဘတ်တွေ အရိုက်ခံခဲ့ရပြီး ရိုက်နှက်မှုအများစုဟာ ဦးခေါင်းနေရာကို ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဟားမတ်စ်နဲ့ မဆက်သွယ်ဖို့၊ ဟားမတ်စ်နဲ့ မပတ်သက်ဖို့နဲ့ ခြိမ်းခြောက်မှုတွေ၊ သတိပေးချက်တွေ အားလုံးကို ကိုယ့်ဘာသာ ထိန်းထားရမယ်လို့ ပြောထားကြောင်းလည်း သူကဆိုပါတယ်။

ပါလက်စတိုင်း အစ္စလာမ္မစ်ဂျီဟတ် လှုပ်ရှားမှုအဖွဲ့ရဲ့ လက်နက်ကိုင်တပ်ဖြစ်တဲ့ အယ်လ်ကွဒ်စ် တပ်မဟာက သူတို့ဟာ အစ္စရေးစစ်တပ်ရဲ့ စီးနင်းမှုကို ဟန့်တားဖို့အတွက် အစ္စရေးစစ်တပ်ရဲ့ စစ်သုံး ဘူဒိုဇာအတွင်း ပေါက်ကွဲအားပြင်း ဗုံးတလုံးကို ဖောက်ခွဲခဲ့ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013