DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် ဘာသာရေးလွတ်လပ်ခွင့် သိသိသာသာဆုတ်ယုတ်လာ
DVB
·
November 1, 2024
မြန်မာနိုင်ငံတွင် ဘာသာရေးလွတ်လပ်ခွင့် သိသိသာသာဆုတ်ယုတ်လာ
Donate to DVB

၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံက ဘာသာရေးလွတ်လပ်ခွင့်အခြေအနေဟာ သိသိသာသာ ဆုတ်ယုတ်လာခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန် ကော်မရှင် (USCIRF)က အောက်တိုဘာ ၃၁ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့် အက်ဥပဒေ (IRFA)မှာ ဖွင့်ဆိုထားတဲ့အတိုင်း စနစ်တကျ၊ ဆက်လက်ဖြစ်ပေါ်နေတဲ့၊ ကမ်းကုန်အောင်ဆိုးရွားတဲ့ ချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်မှုအတွက်၊ မြန်မာနိုင်ငံကို "အထူးစိုးရိမ်စရာကောင်းသောနိုင်ငံ Country of Particular Concern,” ( CPC) အဖြစ်ပြန်လည်သတ်မှတ်ဖို့ USCIRF ရဲ့ အစီရင်ခံစာမှာ အကြံပြုထားပါတယ်။

အစီရင်ခံစာထဲမှာ မြန်မာစစ်တပ်က ၂၀၂၁ ကလို့ ချင်းပြည်နယ်မှာ ခရစ်ယာန်ဘုရားကျောင်း ၈၅ ကျောင်း၊ စစ်ကိုင်းတိုင်းမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ၄၀၊ သီလရှင်ကျောင်းတကျောင်း၊ ဘုရားကျောင်း ၆ ကျောင်း၊ ဗလီ ၃ ခု အပါအဝင် မြန်မာနိုင်ငံတဝန်း ဘာသာရေး အဆောက်အအုံ ၂၀၀ နီးပါး ဖျက်ဆီးခံရတယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်ဟာ ဘာသာရေးအဆောက်အအုံတွေ၊ အထူးသဖြင့် လူနည်းစု ဘာသာရေးအသိုက်အဝန်းရဲ့ အဆောက်အအုံတွေကို ပစ်မှတ်ထား၊ သိမ်းပိုက်၊ ဖျက်ဆီးတာတွေ ဆက်လုပ်နေတယ်လို့လည်းဆိုပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်ဟာ ဗုဒ္ဓဘာသာကို အသုံးချပြီး သာသနာပြုမင်းအစိုးရ အဖြစ် တရားဝင်မှုရအောင်လို့ ဘာသာရေးအသုံးချနေတယ်လို့လည်း သုံးသပ်ထားပါတယ်။ 

အပြည်ပြည်ဆိုင်ရာ ဘာသာရေး လွတ်လပ်ခွင့် ဆိုင်ရာ အမေရိကန် ကော်မရှင် (USCIRF) ဟာ နိုင်ငံရပ်ခြားက ဘာသာရေးလွတ်လပ်ခွင့်ကို စောင့်ကြည့်၊ ဆန်းစစ်၊​ အစီရင်ခံဖို့ ကွန်ဂရက်လွှတ်တော်က ဖွဲ့ထားတဲ့ လွတ်လပ်တဲ့၊ နှစ်ပါတီစလုံးပါဝင်တဲ့ ဖယ်ဒရယ်အစိုးရ အစုအဖွဲ့တခုဖြစ်ပါတယ်။

USCIRF ဟာ ဘာသာရေးအရဖိနှိပ်မှုတွေကို ဟန့်တားဖို့နဲ့ ဘာသာရေးနဲ့ ယုံကြည်မှုလွတ်လပ်ခွင့် မြှင့်တင်ဖို့ရာ သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကွန်ဂရက်လွှတ်တော်ကို နိုင်ငံခြားရေးမူဝါဒ အကြံပြုချက်တွေ ပေးတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013