DVB Logo
Home
မြန်မာသတင်း
‘ဂျစ်ကားစီးဖူးလား’  ရုပ်ရှင်ဇာတ်ကား ဝေဖန်သူကို စစ်ကောင်စီတပ်က ဖမ်းဆီးအမှုဖွင့်
DVB
·
October 31, 2024
‘ဂျစ်ကားစီးဖူးလား’  ရုပ်ရှင်ဇာတ်ကား ဝေဖန်သူကို စစ်ကောင်စီတပ်က ဖမ်းဆီးအမှုဖွင့်
Donate to DVB

ဟိန္ဒူရိုးရာဝတ်စုံနဲ့ ရိုးရာယဥ်ကျေးမှုကို လှောင်ပြောင်ထားတာပါဝင်တဲ့ ‘ဂျစ်ကားစီးဖူးလား’  ရုပ်ရှင်ဇာတ်ကားကို ဝေဖန်ကန့်ကွက်ခဲ့တဲ့ ကိုရှိုင်းထက်အောင် (ခ) ကိုဟာဆယ်ရွန်ကို စစ်တပ်က ဖမ်းဆီးထားတယ်လို့ အောက်တိုဘာ ၃၀ ရက် ညက ထုတ်ပြန်ပါတယ်။

ကိုဟာဆယ်ရွန်ကို စစ်ထောက်လှမ်းရေးအဖွဲ့က မရမ်းကုန်းမြို့နယ်က နေရာတခုမှာ အောက်တိုဘာ ၂၆ ရက် နေ့လယ်က ဖမ်းဆီးပြီး အောက်တိုဘာ ၂၉ ရက်က လှိုင်မြို့နယ်မှာ အမှုဖွင့်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။

“အရင်ရက်တွေက သူ့ရဲ့မိသားစုဝင်တွေ စခန်းမှာ လာမေးတာရှိတယ်။ အဲ့တုန်းက ရဲစခန်းမှာမရှိဘူး၊ ရဲကဖမ်းထားတာ မဟုတ်ဘူး၊ စစ်တပ်ကဖမ်းတာ၊ တပ်ကဖမ်းပြီး ရွှေပြည်သာစစ်ကြောရေးကနေ အမှုလာဖွင့်တာ၊ ပုဒ်မ ၅၀၅(က) နဲ့ ကနဦး အမှုဖွင့်ထားတယ်။”

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ လှိုင်မြို့နယ်ရဲစခန်းမှာ အောက်တိုဘာ ၂၉ ရက် ည ၇ နာရီက ကိုရှိုင်းထက်အောင် (ခ) ကိုဟာဆယ်ရွန်ကို အမှုဖွင့် အရေးယူခဲ့တယ်လို့ ဖော်ပြထားပေမဲ့ ဘယ်ပုဒ်မနဲ့ အမှုဖွင့်တယ်ဆိုတာကိုတော့ ဖော်ပြထားတာ မရှိပါဘူး။

ကိုဟာဆန်ရွန် ဝေဖန်ကန့်ကွက်ခဲ့တဲ့ ဂျစ်ကားစီးဖူးလား၊ ဂျားကစ်စာဘူးသရီး ဇာတ်ကား နာမည်ကို ထုတ်လုပ်ရေးကုမ္ပဏီဘက်က ‘ဂျစ်ကားစီးဖူးလား’ ဆိုတဲ့ နာမည် ပြောင်းကာ အောက်တိုဘာ ၂၉ ရက် ညနေပိုင်းက သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ Premiere Show ပွဲ ပြသခဲ့ပါတယ်။

မြန်မာဟိန္ဒူသမဂ္ဂ/မြန်မာဟိန္ဒူအသင်းက “နိုဝင်ဘာလ ၁ ရက်နေ့မှာ ရုံတင်မယ့် ဂျစ်ကား စီးဖူးသလား၊ ဂျားကစ်စာဘူးသရီး ရုပ်ရှင်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်းက အိန္ဒိယမျိုးနွယ်စု ဟိန္ဒူနွယ်ဝင် အားလုံးကိုယ်စား အပြင်းအထန် ကန့်ကွက်ကြောင်း အသိပေး ထုတ်ပြန်ထားပါတယ်။

ဝေဖန်ကန့်ကွက်မှု ပြည့်နေတဲ့ ဂျစ်ကား စီးဖူးသလား၊ ဂျားကစ်စာဘူးသရီး ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) က ရိုက်ကူးထားပြီး လွင်မိုး၊ ခန့်စည်သူ၊ ခိုင်သင်းကြည် နဲ့ ရွှေမှုံရတီတို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013