DVB Logo
Home
မြန်မာသတင်း
ပုသိမ်ထောင်ရှိ အကျဉ်းသားများထံ ပါဆယ်ပစ္စည်းပေးပို့ခွင့်မရ
DVB
·
October 31, 2024
ပုသိမ်ထောင်ရှိ အကျဉ်းသားများထံ ပါဆယ်ပစ္စည်းပေးပို့ခွင့်မရ
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်ထဲရှိ အကျဉ်းသားတွေဆီကို ထောင်ဝင်စာပါဆယ်ပစ္စည်း ပေးပို့ခွင့် ပိတ်ပင်ခံထားရတာ တလကျော်အထိရှိလာပြီး အကျဉ်းသားတွေနဲ့လည်း အဆက်အသွယ်မရ ဖြစ်နေတယ်လို့  အကျဉ်းသားမိသားစုတွေဆီက သိရပါတယ်။ 

ပုသိမ်မြို့ ပုသိမ်အကျဉ်းထောင်ထဲရှိ အကျဉ်းသားတွေဆီကို မိသားစုတွေက လာရောက်ပေးပို့တဲ့ ထောင်ဝင်စာပါဆယ်ပစ္စည်းတွေကို စက်တင်ဘာ ၂၄ ရက်ကစတင်ပြီး ခုအချိန်အထိ စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာနဝန်ထမ်းတွေက လက်မခံတော့တာလို့ အကျဉ်းသား မိသားစုတွေက ပြောပါတယ်။

ငပုတောမြို့နယ်ကနေ ပုသိမ်အကျဉ်းထောင်ကို ထောင်ဝင်စာသွားတွေ့ရတဲ့ အမျိုးသမီးတယောက်က “တပတ် တကြိမ် မသွားနိုင်ရင်တောင် ၂ ပတ်တကြိမ် ထောင်ဝင်စာ ပါဆယ်ပစ္စည်းသွားပို့တာ၊ အခွင့်သာရင်  စကားပြောလုပ်နေတာ။ အခု ထောင်အာဏာပိုင်တွေဘက်က ဘာမှကို လက်မခံတာ တလကျော်ကျော်ဖြစ်လာပြီ။ တခေါက် တခေါက် သွားရဖို့က လွယ်တာမဟုတ်ပါဘူး။ ငွေလည်းကုန်သလို အလုပ်တွေလည်း ပျက်ရပါတယ်။ ဘာလို့ အရင်လို လက်မခံပေးတာလဲ မေးကြည့်တော့ အထက်က အမိန့်ချထားလို့ပဲ ပြောတယ်။ တော်တော် ရက်စက်ကြပါတယ်။ ကိုယ်က နေမကောင်းဖြစ်နေမှာ စိုးတာပေါ့နော်၊ သားလေးက အစာအိမ်ရောဂါရှိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့လက်အောက်ခံ ပုသိမ်အကျဉ်းဦးစီးဌာန ဝန်ထမ်းတွေက ထောင်ဝင်စာ ပါဆယ်ပစ္စည်း လက်မခံတာကြောင့် ရပ်ဝေးကနေ လာရောက်ပြီး ထောင်ဝင်စာတွေ့သူတွေ အခက်အခဲများစွာ ကြုံတွေ့နေရပြီး ထောင်ဝင်စာပါဆယ်စနစ်ကို တလစာသို့မဟုတ် ၁၅ ရက်စာပေးပို့ခွင့်ပြုပေးဖို့ မျှော်လင့်နေကြတယ်လို့ ဆိုပါတယ်။

ပုသိမ်အကျဉ်းထောင်နဲ့ နီးစပ်သူတယောက်က “စကစရဲ့အမိန့်နဲ့ အခုလို လုပ်တာလို့ သိရတယ်။ လာသာ လာတယ်၊ ပေးခွင့်မရ၊ တွေ့ခွင့်မရတော့ အဝေးကလာတဲ့ အကျဉ်းသား မိသားစုတွေ ဒုက္ခရောက်နေတယ်။ အခုက ပုသိမ်အကျဉ်းထောင်မှာ အကျဉ်းသားတွေ အရမ်းများနေတယ်။ ဝန်ထမ်းအင်အားနည်းတော့ စစ်ဆေးစိစစ်ဖို့လည်း အရမ်းအားနည်းနေတာ။ အဲဒီတော့ အကျဉ်းထောင်ဝန်ထမ်းတွေက လုပ်ချင်သလို လုပ်နေတာလေ” လို့ ပြောပါတယ်။ 

ပုသိမ် အကျဉ်းထောင်ထဲကို ထောင်ဝင်စာပါဆယ်ပစ္စည်း ပေးပို့ခွင့် ရ၊ မရ သွားရောက်စုံစမ်းတဲ့ အကျဉ်းသားမိသားစုတွေကို အကျဉ်းထောင် ဝန်ထမ်းတွေက အငတ်မထားကြောင်းနဲ့ တွေ့ခွင့်ပေးခွင့်ရရင် စာကပ်ထားပေးမှာဖြစ်လို့ ထပ်လာမမေးဖို့ ပြောဆိုပြန်လွှတ်တာလို့ အကျဉ်းသား မိသားစုတွေက ဆိုပါတယ်။

ဒါ့အပြင် ပုသိမ်အကျဉ်းထောင်ကို ရခိုင်ပြည်နယ်က သတင်းထောက် အကျဉ်းသားအပါအဝင် အကျဉ်းသားတွေ ခေါ်ယူရွှေ့ပြောင်းလာပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေပါ ပုသိမ်အကျဉ်းထောင်ရှေ့မှာ လာစောင့်နေတယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013