DVB Logo
Home
နိုင်ငံရေး
ဟားခါးအနီး စစ်စခန်း ၁ ခုကို ချင်းပူးပေါင်းတပ် သိမ်းပိုက်၊ စစ်သား ၁၄ ဦးသေဆုံးပြီး အရာရှိ အပါအဝင် ၄ ဦး ဖမ်းမိ
DVB
·
October 30, 2024
ဟားခါးအနီး စစ်စခန်း ၁ ခုကို ချင်းပူးပေါင်းတပ် သိမ်းပိုက်၊ စစ်သား ၁၄ ဦးသေဆုံးပြီး အရာရှိ အပါအဝင် ၄ ဦး ဖမ်းမိ
Donate to DVB

ချင်းပြည်နယ်၊ ဟားခါးမြို့အနီးက စစ်ကောင်စီတပ်စခန်းတခုကို ချင်းပူးပေါင်းတပ်ဖွဲ့တွေက အောက်တိုဘာ ၂၈ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ယောက် သေဆုံးပြီး  အရာရှိအပါအဝင်  ၄ ‌ယောက် အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။

ချင်းပူးပေါင်းတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “ကျနော်တို့ဘက်က ဒေသအခေါ် ကမ်တလန်ပေါ့။ စစ်တပ်ဘက်ကတော့ ကမ်တောင်းစခန်းလို့ ပြောမှာပေါ့။ ဒါပေမဲ့ အတူတူပါပဲ။ အဲဒီစခန်းကို သိမ်းပိုက်နိုင်ခဲ့တာပါ” လို့ ပြောပါတယ်။

ချင်းပြည်အစိုးရ ပူးပေါင်းတပ်တွေဖြစ်ကြတဲ့ CNA နဲ့ CDF တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိတယောက် အပါအဝင် ၄ ‌ယောက် အရှင်ဖမ်းမိကာ ၁၄ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ချင်းပူးပေါင်းတပ်ဖွဲ့ရဲ့ တာဝန်ခံတယောက်က “ဟားခါးနဲ့ ထန်တလန်ကြားမှာရယ်၊ ထန်တလန်မြို့ပေါ်မှာရယ်က နေ့တိုင်းလောက်နီးနီး တိုက်ပွဲတွေဖြစ်တယ်။ သူတို့ဘက်ကလည်း ကုန်းကြောင်းကနေ အင်အားတွေ ထပ်တိုးထားတယ်။ လေကြောင်းပစ်ကူကတော့ ဆက်တိုက်လုပ်တယ်။ ထန်တလန်ကို အပြည့်အဝပြန်ရဖို့ ကြိုးစားနေကြတာ။ ဒါပေမဲ့လည်း ကျနော်တို့ဘက်က ထန်တလန်ကို ၉၀ ရာနှုန်း ထိန်းချုပ်ထားနိုင်ပါတယ်” လို့ ပြောပါတယ်။

ထန်တလန်နဲ့ ဟားခါးမြို့ကြားမှာရှိပြီး ထန်တလန်နဲ့ ၇ မိုင်နီးပါး ဝေးကွာကာ ချင်းပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ အော်တိုတောင်ကုန်းကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ စစ်ကောင်စီတပ်ဘက်က ပြန်လည်ထိန်းချုပ် သိမ်းပိုက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013