DVB Logo
Home
မြန်မာသတင်း
တောင်သာမြို့နယ်၌ ရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၁ ဦး အပါအဝင် ၄ ဦးဒဏ်ရာရ
DVB
·
October 30, 2024
တောင်သာမြို့နယ်၌ ရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၁ ဦး အပါအဝင် ၄ ဦးဒဏ်ရာရ
Donate to DVB

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာ နယ်မြေရဲစခန်းကို အောက်တိုဘာ ၂၇ ရက် ညနေ ၄ နာရီဝန်းကျင်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ လက်အောက်ခံ ဗိုလ်ကြီးတယောက် အပါအဝင် ၄ ယောက် ဒဏ်ရာရရှိခဲ့သလို ရဲစခန်းအတွင်းက လက်နက်တိုက်နဲ့ အချုပ်ခန်းတွေလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

မိတ္ထီလာ-တောင်သာ လမ်းပိုင်းပေါ်မှာရှိတဲ့ ရုံးစည်ကြီးရွာ နယ်မြေရဲစခန်းကို Hex Copter အမျိုးအစား ဒရုန်း ၂ စီးနဲ့ 6Kg ဗုံးသီးတွေကို ၄ ကြိမ် ကြဲချခဲ့တာလို့  Myingyan District Drone Strike (MDDS) ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က ပြောပါတယ်။

အဆိုပါရဲစခန်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ တောင်သာ-မိတ္ထီလာ လမ်းပေါ်မှာ စစ်ဆေးရေးဂိတ်ဖွင့်ပြီး ပြည်သူတွေဆီကနေ ငွေကြေးတောင်းလေ့ ရှိ​တယ်လို့လည်း ဆိုပါတယ်။

Myingyan District Drone Strike (MDDS) တာဝန်ခံက “ကျနော်တို့သိရတဲ့ ပျက်စီးတဲ့ အခြေအနေနဲ့ စကစဘက်က လော်ဘီတွေ ထုတ်ပြန်တာက အတူတူပါပဲ။ ရဲစခန်းထဲက ထိခိုက်ပျက်စီးမှုကို ကျနော်တို့ အတည်ပြုနိုင်ပါပြီ” လို့ ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်အောက်ခံတွေကလွဲပြီး အချုပ်ခန်းအတွင်း အချုပ်သား မရှိတဲ့အတွက် တခြားထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့လည်း ဆက်ပြောပါတယ်။

MDDS တပ်ဖွဲ့ဝင်တွေရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရုံးစည်ကြီးရွာ နယ်မြေရဲစခန်း အတွင်း လက်နက်တိုက်နဲ့ အချုပ်ခန်းတွေ ထိခိုက်ပျက်စီးသွားသလို စစ်ကောင်စီ လက်အောက်ခံ သုံးပွင့်အဆင့် ဗိုလ်ကြီးတယောက် အပြင်းအထန် ဒဏ်ရာရသွားပြီး ဒုရဲအုပ်တယောက်လည်း အကြားအာရုံ ထိခိုက်သွားကာ ရဲတပ်သား ၂ ယောက်လည်း အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင်စီထောက်ခံသူတွေက လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ တောင်သာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ကျသူက ဖြေဆိုခွင့်မရှိဘူးလို့သာ ပြန်လည်ဖြေဆိုတဲ့အတွက် အဆိုပါဖြစ်စဥ်နဲ့ပတ်သက်ပြီး DVB အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက်က စတင်ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဟာ မြင်းခြံ၊ နွားထိုးကြီးနဲ့ တောင်သာမြို့နယ်တွေမှာ မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (Myingyan District Special Operation - MDSO) အဖြစ် စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013