DVB Logo
Home
မြန်မာသတင်း
ဘုတလင်မြို့နယ် အင်းတဲရွာကို စစ်ကောင်စီတပ် မီးရှို့
DVB
·
October 30, 2024
ဘုတလင်မြို့နယ် အင်းတဲရွာကို စစ်ကောင်စီတပ် မီးရှို့
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ အင်းတဲရွာကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၉ ရက် ညနေ ၄ နာရီခွဲကျော်မှာ မီးရှို့နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါစစ်ကြောင်းဟာ အင်းတဲရွာကို အောက်တိုဘာ ၂၉ ရက် မနက် ၉ နာရီ ၂၀ မိနစ်က လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်ဝင်ရောက်တာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘုတလင်ဒေသခံ အမျိုးသမီးတယောက်က “ဘယ်လိုစစ်ကြောင်းလဲ မသိတော့ဘူး။ မဲမဲမြင်ရာ တွေ့ရာ အကုန်သတ်ဖြတ် မီးရှို့နေတော့တာ။ အခုလည်း တရွာဝင်တရွာထွက် မွှေနှောက်ပြီး အခု ကျမတို့ရွာကို မီးရှို့နေပါတယ်။ ဘာတိုက်ပွဲမှ ဖြစ်သံမကြားရဘူး။ သူတို့ ရွာကို မီးရှို့ချင်လို့ကို ရှို့နေတာ။ အိမ်ပစ် ယာပစ် ထွက်ပြေးခဲ့ရတယ်။ အခုလည်း ကိုယ့်ရွာမီးရှို့တာကို အဝေးကနေ လှမ်းကြည့်ပြီး နေရတယ်” လို့ ပြောပါတယ်။

ဘုတလင်မြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်က တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က စစ်ကြောင်းတကြောင်းလုံး စစ်ရှုံးခဲ့ရတာကြောင့် အောက်တိုဘာ ၁ ရက်က စတင်ကာ စစ်ကောင်စီတပ်က မြေပြင် ဒုတိယစစ်ကြောင်းသုံးပြီး ရွာတွေကို ဝင်ရောက်မီးရှို့ကာ ဒေသခံ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေကို သတ်ဖြတ်‌ေနတယ်လို့လည်း သိရပါတယ်။

ဘုတလင် BGF တပ်ပေါင်းစု တာဝန်ရှိသူ ကိုဇာမဏီက “အောက်တိုဘာ ဒုတိယအပတ်က ဘုတလင်၊ တလိုင်း၊ စီပါ၊ စိုင်ပြင်လေး၊ ဒါန်းတိုင် စတဲ့ရွာတွေကို ပထမဆုံး စစ်ကြာင်းထိုး လူသတ် ရွာကိုမီးရှို့တဲ့ စစ်ကြောင်းပါ။ အခုဟာက ဒုတိယအကြိမ် ထပ်ပြီး စစ်ကြောင်းထွက်တာ။ ကျနော်တို့ ပဲပြစ်တောရွာကို အရင်ဝင် ညအိပ် တပ်စွဲတယ်။ ရွာထဲကအိမ်တွေ မွှေနှောက်ရှာဖွေ ဖျက်ဆီးပြီး ရွာစာကြည့်တိုက် အ‌ဆောက်အဦကို လက်နက်ကြီးနဲ့ တည်ပစ်ပြီး ဖျက်ဆီးသွားတယ်။ ဘာတိုက်ပွဲမှ မဖြစ်သလို ဘာမိုင်းဆွဲတာမှ မရှိပါဘူး။ သတင်းအမှားတွေကလည်း ထွက်နေတာတွေ ရှိတယ်ဗျ။ အခုလည်း အင်းတဲရွာကို မီးရှို့နေပြီဗျ။ ဘယ်နှလုံး မီးလောင်ဆုံးရှုံးမယ် ဆိုတာကတော့ စစ်တပ်က ရွာထဲကမထွက်သေးလို့ အတိအကျ မပြောနိုင်သေးဘူး” လို့ ပြောပါတယ်။

ဘုတလင်မြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုး လူသတ်၊ ရွာတွေကို မီးရှို့တာတွေ လုပ်ဆောင်နေတာကြောင့် ဘုတလင်မြို့ အနောက်‌မြောက်ခြမ်း၊ မြောက်ခြမ်း၊ အရှေ့ခြမ်းက ကျေးရွာ ၂၀ ကျော်က ဒေသခံတွေ နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်နေကြရဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013