DVB Logo
Home
မြန်မာသတင်း
စလင်းတွင် အမျိုးသမီး ၁ ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရ
DVB
·
October 29, 2024
စလင်းတွင် အမျိုးသမီး ၁ ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရ
Donate to DVB

မကွေးတိုင်း စလင်းမြို့နယ်မှာ အမျိုးသမီးတယောက် မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရတယ်လို့ စလင်းမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က အောက်တိုဘာ  ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၁ ရက် ည ၁၁ နာရီမှာ စလင်းမြို့နယ် ဂုံညင်းနွယ်ရွာက အမျိုးသမီးတယောက်ရဲ့ အလောင်းကို လယ်တောစပ်တနေရာမှာ ရွာသားတွေက တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူဟာ ဂုန်ညင်းနွယ်ရွာက အသက် ၃၇ နှစ်အရွယ် အပျိုကြီးဆိုသူဖြစ်ကာ မုဒိမ်းကျင့် သတ်ဖြတ်ပြီး ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ဖြတ်တောက်ခံထားရတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၄ ရက်နေ့မှာ အသက် ၄၂  နှစ်အရွယ် တရားခံ ကိုဦးစံ ဆိုသူကို မြို့နယ် ပအဖနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

စလင်းပကဖ တာဝန်ရှိသူက “ရွာသားတွေက အလောင်းကိုတွေ့တော့ ကျနော်တို့ဆီ အကြောင်းလာကြားတာ လယ်ကွင်းနားမှာပဲ ဓားဒဏ်ရာတွေနဲ့ပေါ့။ အမျိုးသမီးအင်္ဂါနဲ့ ရင်သား တဖက်ကို ဓားတွေနဲ့လှီးထားတယ်။ သံသယရှိသူကို ဖမ်းဆီးစစ်ဆေးနေရင်း မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်အရ သူက တရားခံဆိုတာကို ဝန်ခံတာပေါ့နော်” လို့ ပြောပါတယ်။

ပြစ်မှုကျူးလွန်သူ တရားခံကို ရာဇသတ်ကြီး ပုဒ်မ ၃၇၆၊ ၃၀၂ (က) နဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013