DVB Logo
Home
နိုင်ငံတကာ
ဟစ်ဇ်ဘိုလာ ဒုံးကျည်အစင်း ၁၀၀ ကျော်ကို အစ္စရေး ကြားဖြတ်ဟန့်တား
DVB
·
October 29, 2024
ဟစ်ဇ်ဘိုလာ ဒုံးကျည်အစင်း ၁၀၀ ကျော်ကို အစ္စရေး ကြားဖြတ်ဟန့်တား
Donate to DVB

အစ္စရေးရဲ့ လေကြောင်းရန်ကာကွယ်ရေး သံကွန်ချာစနစ်ဟာ အောက်တိုဘာ ၂၈ ရက် တနင်္လာနေ့မှာ လက်ဘနွန်ကနေ ပစ်ခတ်ခဲ့တဲ့ ဟစ်ဇ်ဘိုလာ ဒုံးကျည်အစင်း ၁၀၀ ကျော်ကို ကြားဖြတ်ဟန့်တားခဲ့တယ်လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ 

အစ္စရေး-လက်ဘနွန်နယ်စပ်အထက် ကောင်းကင်ယံမှာ ဒုံးကျည်တွေ ပျံတက်နေချိန်မှာ မီးခိုးဖြူလမ်းကြောင်းတွေကို မြင်တွေ့ရပါတယ်။

ဒေသစံတော်ချိန် ၁၆ နာရီမှာ ထုတ်ပြန်တဲ့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူရဲ့ ကြေညာချက်မှာ ဟစ်ဇ်ဘိုလာအဖွဲ့က ပစ်ခတ်ခဲ့တဲ့ ဒုံးကျည် ၁၁၅ လုံးဟာ လက်ဘနွန်ကနေ အစ္စရေးနိုင်ငံထဲကို ဒီကနေ့ ဖြတ်ကျော်ဝင်ရောက်ခဲ့တယ်လို့ ပြောကြားခဲ့ပြီး အဲဒီနောက်ပိုင်းမှာ အစ္စရေးမြောက်ပိုင်းကို ဒုံးကျည် ၅ စင်း ထပ်မံပစ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ တချိန်တည်းမှာပဲ အစ္စရေးဟာ လက်ဘနွန်တောင်ပိုင်းကို ဆက်လက်တိုက်ခိုက်ခဲ့ပြီး အစ္စရေး နယ်စပ်ဘက်ခြမ်းမှ အနက်ရောင် မီးခိုးလုံးတွေကို မြင်တွေ့ရပါတယ်။ 

လွန်ခဲ့တဲ့တစ်နှစ်ကျော်က အစ္စရေးနိုင်ငံတောင်ပိုင်းရှိ ဟားမတ်စ် ဦးဆောင်တဲ့ တိုက်ခိုက်မှုအပြီး မကြာခင်မှာပဲ ဟစ်ဇ်ဘိုလာအဖွဲ့ဟာ အစ္စရေးမြောက်ပိုင်းကို ဒုံးကျည်တွေနဲ့ စတင်ပစ်ခတ်ခဲ့တာကြောင့် အစ္စရေးနိုင်ငံ မြောက်ပိုင်းနယ်စပ်အနီးနေ ထောင်နဲ့ချီတဲ့ ပြည်သူတွေကို သူတို့ရဲ့နေအိမ်တွေကနေ ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းခဲ့ရတာပါ။ 

နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှု တစ်နှစ်နီးပါးကြာပြီးနောက်မှာ အစ္စရေးဟာ ပြီးခဲ့တဲ့လက လက်ဘနွန်တောင်ပိုင်းနဲ့ ပြင်ပတွေကို တိုက်ခိုက်မှုတွေ အရှိန်မြှင့်ခဲ့ပါတယ်။ 

အစ္စရေးတပ်ဖွဲ့တွေဟာ လက်ဘနွန်နဲ့ တောင်ထူထပ်တဲ့ ရှေ့တန်းဒေသ တလျှောက်လုံးကို မြေပြင်ကျူးကျော်မှုတွေ ပြုလုပ်ခဲ့ပြီး တချို့မြို့တွေထဲမှာ ဟစ်ဇ်ဘိုလာ သေနတ်သမားတွေနဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013