DVB Logo
Home
နိုင်ငံတကာ
တိုင်ဖွန်းမုန်တိုင်း ထရာမီအတွက် ကွမ်တုံနှင့် ဟိုင်နန်တွင် သတိပေးချက် ထုတ်ပြန် 
DVB
·
October 28, 2024
တိုင်ဖွန်းမုန်တိုင်း ထရာမီအတွက် ကွမ်တုံနှင့် ဟိုင်နန်တွင် သတိပေးချက် ထုတ်ပြန် 
Donate to DVB

မုန်တိုင်းထရာမီဟာ အောက်တိုဘာ ၂၇ ရက်မှာ ဗီယက်နမ် အလယ်ပိုင်းကနေ ကုန်းတွင်းကို ဝင်ရောက် တိုက်ခတ်လို့ အန္တရာယ်ဖြစ်လောက်အောင် ရေကြီးတာတွေ၊ မိုးကြီးတောတွေ ဖြစ်မယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

မုန်တိုင်းကြောင့် ဗီယက်နမ်အလယ်ပိုင်းက လေဆိပ်တွေကို ယာယီပိတ်ထားခဲ့ရတယ်လို့ အရပ်ဘက် လေကြောင်းအာဏာပိုင်အဖွဲ့က ပြောပါတယ်။

ဒါနန်း နိုင်ငံတကာလေဆိပ်ကိုတော့ တနင်္ဂနွေ မနက် ၆ နာရီကနေ တနင်္လာ မနက် ၄ နာရီထိ ပိတ်ထားမှာ ဖြစ်ပါတယ်။

တရုတ်ကမ်းရိုးတန်းမြို့တွေမှာ အခုနှစ်ရဲ့ အလုံး  ၂၀ မြောက် တိုင်ဖွန်းမုန်တိုင်း ထရာမီကြောင့် ပြင်းပြင်းထန်ထန် မိုးသက်လေပြင်းကျမယ့် သတိပေးချက် ထုတ်ပြန်ထားပြီး အများပြည်သူ သွားလာရေးတချို့ကို ဆိုင်းငံ့ထားပါတယ်။

လေအေးနဲ့ တိုင်ဖွန်းမုန်တိုင်း ထရာမီဒဏ်ကြောင့် ဖှုကျန်း ကျဲ့ကျန်းနဲ့ ကွမ်တုံပြည်နယ်တွေက ကမ်းရိုးတန်းဒေသတွေနဲ့ ထိုင်ဝမ်ကျွန်းတို့က တချို့နေရာတွေမှာ မိုးသက်လေပြင်းတွေကို ကြုံတွေ့ခဲ့ရပါတယ်။

တနင်္ဂနွေညမှာ ထရာမိဟာ တောင်တရုတ်ပင်လယ် အလယ်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာ တဖြည်းဖြည်း အားပျော့သွားမှာဖြစ်ပေမဲ့ စနေကနေ အင်္ဂါနေ့အထိ ကျဲ့ကျန်း၊ ဖှုကျန်းနဲ့ ဟိုင်နန်ပြည်နယ် အစိတ်အပိုင်းတချို့မှာ မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားကာ တရုတ်အမျိုးသား မိုးလေဝသဌာနက လေပြင်းမုန်တိုင်းအတွက် တတိယအမြင့်ဆုံးဖြစ်တဲ့ အဝါရောင်အဆင့် သတိပေးချက်ကို ထုတ်ပြန်ထားပါတယ်။

ထရာမီမုန်တိုင်းဟာ တောင်တရုတ်ပင်လယ်ထဲမှာ လှုပ်ရှားနေတာ အချိန်ကြာလို့ နိုဝင်ဘာ အစောပိုင်းထိ လေပြင်းတိုက်နေဦးမယ်လို့လည်း ခန့်မှန်းထားပါတယ်။

ကွမ်တုံနဲ့ ဟိုင်နန် မိုးလေဝသဌာနက စနေမနက်ပိုင်းမှာ အဆင့် ၄  တိုင်ဖွန်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ကျွန်းရဲ့ အစိတ်အပိုင်းတချို့မှာ မိုးသက်လေပြင်းတွေ တိုက်ခတ်နေလို့ ဟိုင်နန်ကျွန်းရဲ့ မြို့တော် ဟိုက်ခိုက နန်အန်း ရထားဘူတာ၊ ရှင်းဟိုင် ကုတို့ဆိပ်၊ ရှုယဉ် ကုန်သေတ္တာ သင်္ဘောဆိပ်တို့မှာ စနေမွန်းလွဲ ၂နာရီတည်းက ခုထိ ဝန်ဆောင်မှု ဆိုင်းငံ့ ထားပါတယ်။

ကျွန်းပတ် မြန်နှုန်းမြင့် မီးရထားနဲ့ ရိုးရိုးမီးရထားခရီးစဉ် အားလုံးကိုလည်း ဆိုင်းငံ့ထားပါတယ်။

ချုံးကျိုး ရေလက်ကြားကို ဖြတ်ကူးတဲ့ ခရီးသည်တင် သင်္ဘောတွေလည်း ခရီးစဉ်ရပ်ထားပြီး မုန်တိုင်းအခြေအနေအရ ပြန်ခုတ်မောင်းမယ့် အချိန်ကို ဆုံးဖြတ်မယ်လို့ ကြေညာထားပါတယ်။

ကွမ်ကျိုး မီးရထားအုပ်စုကလည်း ကွမ်ကျိုး ဘိုင်ယန် ဘူတာနဲ့ ဟိုက်ခိုဘူတာတို့ကြား ခရီးစဉ် တချို့ကို ချိန်ညှိထားပြီး ရထားတချို့ကို ဆိုင်းငံ့ထားပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013