
ရက်နည်းနည်းအတွင်း သန်းပေါင်းများစွာသော နောက်လိုက်တွေကို စုထားနိုင်ခဲ့တဲ့ အွန်လိုင်းလူငယ်အဖွဲ့တခု ဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ ပိုးဟပ် ဂျန်တာ ပါတီ (CJP) ဟာ ပညာရေးဝန်ကြီး ဒါမန်ဒရာ ပရာဒန် ရာထူးကနေ နုတ်ထွက်ရေး တောင်းဆိုဖို့ ဇွန် ၆ ရက်မှာ ပထမဆုံးအကြိမ်အဖြစ် လမ်းတွေပေါ် ထွက်လာခဲ့ကြပါတယ်။
ပါတီတည်ထောင်သူ အသက် ၃၀ နှစ်အရွယ် အဘီဂျစ် ဒစ်ပ်ကေးက ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီရဲ့ အစိုးရကို ဆန့်ကျင်ဆန္ဒပြပွဲကို ဦးဆောင်ဖို့ စနေနေ့မှာ နယူးဒေလီမြို့တော်ဆီ ရောက်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်တာ ကာလအတွင်း အမေရိကန်ပြည်ထောင်စုမှာနေခဲ့တဲ့ ဒစ်ပ်ကေးရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေက သူအိန္ဒိယကို ပြန်လာချိန်မှာ အဖမ်းခံရမှာကို စိုးရိမ်တယ်လို့ ပြောခဲ့ပါတယ်။
မေလလယ်မှာ စတင်တည်ထောင်ချိန်ကစပြီး CJP ပါတီဟာ အသက် ၃၀ အောက် လူငယ်တွေရဲ့ စိုးရိမ်မှုတွေကို အသုံးချခဲ့တာပါ။
ဟိန္ဒူအမျိုးသားရေးဝါဒီ မိုဒီရဲ့ ၁၂ နှစ်ကြာ အုပ်ချုပ်မှုကို ဆန့်ကျင်ရေးဟာ အွန်လိုင်းပေါ်မှာ အကြီးမားဆုံးသော ဖော်ပြချက်ဖြစ်လာခဲ့ပါတယ်။
လူငယ်အလုပ်လက်မဲ့နှုန်း မြင့်မားမှုနဲ့ ကျောင်းသားသန်းပေါင်းများစွာရဲ့ အလုပ်အကိုင်တွေကို ထိခိုက်စေမဲ့ မေးခွန်းတွေ အကြိမ်ကြိမ်ပေါက်ကြားမှုကြောင့် ခုလို ဆန္ဒပြပွဲဆင်နွှဲတဲ့ အဆင့်ထိ ရောက်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာ အသက် ၁၅ နှစ်ကနေ ၂၉ နှစ်ကြား လူဦးရေ ၄၀၀ သန်းနီးပါးရှိပြီး မြို့ပြလူငယ် အလုပ်လက်မဲ့နှုန်းဟာ ဧပြီလမှာ ၁၄% နီးပါး ရှိခဲ့ပါတယ်။
လယ်ယာ မဟုတ်တဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ဖို့က အလျင်အမြန် တိုးတက်နေပေမဲ့လည်း အကြီးမားဆုံး စိန်ခေါ်မှုတခု ဖြစ်နေဆဲပါ။
Source: Reuters










