DVB Logo
Home
မြန်မာသတင်း
ဆူဒန်ပဋိပက္ခကြောင့် ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များကျန်းမာရေး အခက်ကြုံ
DVB
·
October 27, 2024
ဆူဒန်ပဋိပက္ခကြောင့် ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များကျန်းမာရေး အခက်ကြုံ
Donate to DVB

ဆူဒန်နိုင်ငံမှာ ဖြစ်နေတဲ့ပဋိပက္ခဟာ နိုင်ငံရဲ့ကျန်းမာရေးစနစ်ကို ရပ်တန့်သွားစေခဲ့ပြီး ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေဟာ အလွန်ကြောက်စရာကောင်းတဲ့ ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရပါတယ်။

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် ၁ ဒသမ ၂ သန်းကျော်ဟာ ကျန်းမာရေးစောင့်ရှောက်မှု၊ နေရေး ထိုင်ရေးနဲ့၊ အာဟာရချို့တဲ့တာတွေကို ရင်ဆိုင်နေရပြီး ဒါတွေက သူတို့နဲ့ သားသမီးတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

မလုံခြုံတဲ့လမ်းတွေကြောင့် ကျန်းမာရေးစောင့်ရှောက်မှုဌာနတွေဆီသွားဖို့ ခက်ခဲစေပြီး ဆူဒန်အမျိုးသမီးအများအပြားဟာ အိမ်မှာတင် မိရိုးဖလာသားဖွားဆရာမတွေကို အားကိုးအားထားပြုရင်း ကလေးမွေးနေရပါတယ်။ 

နိုင်ငံတွင်း ဆေးရုံတွေနဲ့ ကျန်းမာရေးဌာနတွေရဲ့ ၈၀ ရာခိုင်နှုန်းက လုပ်ငန်းဆောင်ရွက်နိုင်မှုမရှိလို့ မွေးဖွားစဉ်အတွင်း မိခင်သေဆုံးမှုနှုန်း ၁၅ ရာခိုင်နှုန်း တိုးလာတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာန ဒါရိုက်တာ ဆူလီမာ ရှားက “ပဋိပက္ခက နယ်ကျယ်လာတာဟာ ကျန်းမာရေးစနစ် ပျက်စီးစေရုံသာမက အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့အချက်အလက် ဆုံးရှုံးမှုတွေကိုပါ အထောက်အကူ ဖြစ်စေတယ်။ အမျိုးသမီးတွေခံစားနေရတဲ့ ရောဂါတွေက ဒီပြဿနာတွေ၊ နုနယ်တဲ့ ကျန်းမာရေးစနစ်တွေကို လွှမ်းမိုးနေတယ်။ ကွဲပြားတဲ့ဝင်ရောက်စွက်ဖက်မှုတွေ လုပ်ဆောင်ချက်တွေ လိုအပ်တယ်” လို့ ပြောပါတယ်။

သေဆုံးနှုန်းတွေ မြင့်တက်လာနေတဲ့ကြားက အမျိုးသမီး ၅၀၀,၀၀၀ ကျော် ပျောက်ဆုံးနေပြီး မှတ်တမ်းတွေမရှိတာနဲ့ မိသားစုတွေကအစီရင်ခံဖို့ တုံ့ဆိုင်းတာတွေကြောင့် စာရင်းမသွင်းနိုင်သေးသူတွေ ကျန်နေပါသေးတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013