DVB Logo
Home
နိုင်ငံတကာ
ဂျပန်ရွေးကောက်ပွဲ အချိန်စောကျင်းပ
DVB
·
October 27, 2024
ဂျပန်ရွေးကောက်ပွဲ အချိန်စောကျင်းပ
Donate to DVB

ရှီဂေရု အီရှီဘားဟာ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ခေါင်းဆောင်အဖြစ် အရွေးခံရပြီး ဝန်ကြီးချုပ်အဖြစ်တောင် တရားဝင်ကျမ်းမကျိန်ရသေးခင် ရွေးကောက်ပွဲ စောခေါ်မယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ 

LDP ပါတီအပေါ် လူထုထောက်ခံမှုက ၂၀ ရာခိုင်နှုန်းအောက်ပဲ ရှိတယ်လို့ စစ်တမ်းတွေက ဖော်ပြကြပြီး အတိုက်အခံပါတီတွေကလည်း ညီညွတ်ဖို့ ညှိနှိုင်းလို့မရသလို အခြား ရွေးချယ်စရာဖြစ်တယ်လို့ မဲဆန္ဒရှင်တွေကို စွဲဆောင်နိုင်စွမ်းမရှိ ဖြစ်နေပါတယ်။ 

အဓိက အတိုက်အခံပါတီအပေါ် လူထုထောက်ခံမှု ဆိုရင် ၆ ဒသမ ၆ ရာခိုင်နှုန်းပဲ ရှိပါတယ်။ အာဏာရ LDP ပါတီနဲ့  အငြင်းပွားစရာ လုပ်ရပ်တွေ လုပ်ဆောင်တဲ့ လျှို့ဝှက်ဘာသာရေးဂိုဏ်းလို့ ယူဆခံရတဲ့ Unification Church အကြား ပတ်သက်မှုတွေ၊ အမတ်တွေအပေါ် အဲဒီဘာသာရေးဂိုဏ်းက လွှမ်းမိုးမှုတွေဟာ ဝေဖန်စရာ ဖြစ်နေပါတယ်။ 

မဲဆွယ်ရန်ပုံငွေကနေ အမတ်တွေက ဒေါ်လာသန်းချီအလွဲသုံးစားလုပ်တဲ့ ပြဿနာကလည်း ပါတီတွင်း အားကောင်းတဲ့ အင်အားစုတွေကို ဖျက်သိမ်းပစ်ရတဲ့အထိကို ဖြစ်စေခဲ့ပါတယ်။  

ဒါပေမဲ့ အာဏာရ LDP ပါ လွှတ်တော်ထဲမှာ အင်အားအကြီးဆုံးပါတီအဖြစ် ဆက်ရှိနေနိုင်ပြီး ပါတီငယ်တွေနဲ့ ညွန့်ပေါင်းဖွဲ့ရေး ညှိနှိုင်းဖို့လိုမယ်လို့ စစ်တမ်းတွေက ဖော်ပြပါတယ်။

မူဝါဒ မတူညီတဲ့ ပါတီငယ်တွေနဲ့ ညွန့်ပေါင်းဖွဲ့ဖို့ရာမှာတော့ ပြဿနာရှိနိုင်ပါတယ်။ အဓိက အတိုက်အခံ ဖွဲ့စည်းပုံဆိုင်ရာ ဒီမိုကရက်တစ်ပါတီကတော့ အမတ်နေရာ တိုးရလာဖွယ်ရှိပေမဲ့ အတိုက်အခံအဖြစ်သာ ဆက်ရှိနေဖို့ များနေပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013