DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်မှူးကြီးသန်းရွှေသမက်ကို ပုဒ်မ ၄ ခုဖြင့် အမှုဖွင့်
DVB
·
October 26, 2024
ဗိုလ်ချုပ်မှူးကြီးသန်းရွှေသမက်ကို ပုဒ်မ ၄ ခုဖြင့် အမှုဖွင့်
Donate to DVB

စစ်ခေါင်းဆောင်က သူ့ကို အာဏာပေးခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သမက် ဒေါက်တာနေစိုးမောင်ကို ပြည်ကြီးတံခွန်ရဲစခန်းမှာ ပုဒ်မ ၄ ခုနဲ့ စရဖအဖွဲ့ကို အမှုဖွင့်ခိုင်းတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

လူမှုကွန်ရက်စာမျက်နှာကနေ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားအောင် လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပုဒ်မ ၅၂(က)၊ ၁၂၄-က၊ ပုဒ်မ ၅၀၅ -က၊ပုဒ်မ ၃၃ (က) တို့နဲ့ အမှုဖွင့်ခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“အစ ပုဒ်မ ၅၀၅(က)ပဲထင်တာ၊ အခုအမှုဖွင့်ထားတာ အကဖ ပုဒ်မတွေလည်းပါတယ်။ ပုဒ်မ ၄ ခုနဲ့ စရဖက ဖမ်းပြီး အဲ့ညကပဲ ပြည်ကြီးတံခွန်မှာ အမှုဖွင့်သွားတာ အစအဆုံး စစ်တပ်ကပဲ လုပ်တာ။” 

ဒေါက်တာနေစိုးမောင်ကို ပြည်ကြီးတံခွန်မြို့နယ်မှာ အောက်တိုဘာ ၂၃ ရက် ည ၆ နာရီခွဲက ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ပေမဲ့  ဘယ်လိုပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်ဆိုတာ ဖော်ပြထားတာ မတွေ့ရပါဘူး။

ဒေါက်တာနေစိုးမောင်ကို ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်ထားတာနဲ့ပတ်သက်ပြီး  မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့် စီးပွားရေးဝန်ကြီးကို DVB က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

စစ်တပ်က ဖမ်းဆီးထားတဲ့ ဒေါက်တာနေစိုးမောင်က အငြိမ်စားဗိုလ်မှူးကြီးတဦးဖြစ်သလို အဖေဖြစ်သူ ကာကွယ်ရေးဒုဝန်ကြီး (ငြိမ်း) ဗိုလ်ချုပ်တင်စိန်နဲ့ ယောက္ခမဖြစ်သူမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဖြစ်ပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၈ ရက်က လူမှုကွန်ရက်စာမျက်နှာပေါ်မှာ စစ်တပ်ကို ဝေဖန်ရေးသားခဲ့တဲ့ ပြန်ကြားရေးဒုဝန်ကြီးဟောင်း အငြိမ်းစားဒုဗိုလ်မှူးကြီးရဲထွဋ်ကို ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅(က) ပုဒ်မ ၁၂၄(ဃ)နဲ့ ထောင် ၁၀ နှစ်ချမှတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013