DVB Logo
Home
နိုင်ငံတကာ
မက္ကဆီကိုတောင်ပိုင်း၌ ရဲ၊ စစ်တပ်နှင့် ရာဇ၀တ်ဂိုဏ်းတို့ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၇ ဦး သေဆုံး
DVB
·
October 26, 2024
မက္ကဆီကိုတောင်ပိုင်း၌ ရဲ၊ စစ်တပ်နှင့် ရာဇ၀တ်ဂိုဏ်းတို့ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၇ ဦး သေဆုံး
Donate to DVB

လတ်တလောမှာ အကြမ်းဖက်မှု လှိုင်းလုံးကြီးတွေနဲ့ ကြုံနေရတဲ့ မက္ကဆီကိုနိုင်ငံရဲ့တောင်ပိုင်း ပစိဖိတ်ဒေသရှိ ဂွာရဲရိုးပြည်နယ်မှာ အောက်တိုဘာ ၂၄ ရက်က မက္ကဆီကိုစစ်တပ်နဲ့ ရာဇ၀တ်ဂိုဏ်းတို့ကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ လူ ၁၇ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပြီး သေဆုံးသူတွေဟာ ရဲအရာရှိ ၂ ဦး နဲ့ ရာဇ၀တ်ဂိုဏ်းဝင်တွေလို့ ယူဆရသူ ၁၅ ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ပြည်နယ်ရဲ့ ကျေးလက်တောင်တန်းဒေသမှာ ပြိုင်ဘက်အဖွဲ့ကို ထိပ်တိုက် ရင်ဆိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုဟာ ကြာသပတေးနေ့ မနက် ၅ နာရီ လောက်မှာ ဒေသခံရဲအရာရှိတွေနဲ့ ထိတွေ့မှုဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အဖွဲ့နာမည် အတိုကောက် GNG လို့ အမှတ်အသားပါတဲ့ လက်နက်ကိုင်အဖွဲ့ဟာ အစပိုင်းက စစ်တပ်နဲ့ တိုက်ခိုက်ဖို့မဟုတ်ဘဲ တက်ပ်ကန်ဒီဂါလိနာမြို့ထဲက ရာဇ၀တ်ဂိုဏ်းနဲ့ တိုက်ခိုက်မှာ ဖြစ်တယ်လို့  မက္ကဆီကို လုံခြုံရေးဝန်ကြီး အိုမာ ဂါစီယာ ဟာဖို့ချ် က ပြောပါတယ်။

အရာရှိ ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မက္ကဆီကို ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ဒဏ်ရာ ရရှိသူတွေဟာ ဆေးကုသမှု ခံယူပြီးတော့ အခြေအနေ တည်ငြိမ်နေပြီ လို့ ဆိုပါတယ်။ 

အနီးနားရှိ အမျိုးသားအစောင့်တပ်စခန်း တခုကလည်း တိုက်ခိုက်မှုကို တုံ့ပြန်ခဲ့ပြီး စစ်ဘက်အရာရှိ ၃ဦး ဒဏ်ရာရခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားပါတယ်။ 

မက္ကဆီကိုစစ်တပ်ဟာ ဒီဖြစ်ရပ်မှာ ပါဝင်ပတ်သက်နေတဲ့ မော်တော်ယာဉ်အားလုံးကို သိမ်းဆည်း ရမိခဲ့ပြီး သူတို့ဆီမှာ လက်နက်တွေ အပြည့်အစုံ ရှိနေတာကို တွေ့ရတယ်လို့ မက္ကဆီကို လုံခြုံရေးဝန်ကြီး အိုမာ ဂါစီယာ ဟာဖို့ချ် က ပြောပါတယ်။ 

အသေးစား စက်သေနတ်တွေနဲ့ ကျည်ဆံသေတ္တာ ၅၀ လောက်ကိုလည်း တွေ့ရှိသိမ်းဆည်းခဲ့ပြီး အဲဒီလက်နက်ခဲယမ်းတွေ ဘယ်ကလာတယ် ဆိုတာကို စုံစမ်းစစ်ဆေးနေကြောင်းလည်း ပြောဆိုပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013