DVB Logo
Home
နိုင်ငံတကာ
အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်နှင့် ထိုင်းတို့ BRICS အဖွဲ့တွင် ပါဝင်လာ
DVB
·
October 25, 2024
အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်နှင့် ထိုင်းတို့ BRICS အဖွဲ့တွင် ပါဝင်လာ
Donate to DVB

အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်နဲ့ ထိုင်း စတဲ့ အရှေ့တောင်အာရှနိုင်ငံတွေဟာ BRICS အဖွဲ့ကြီးရဲ့ မိတ်ဖက်အသစ်တွေ ဖြစ်လာတယ်ဆိုပြီး အောက်တိုဘာ ၂၄ ရက်က X ဆိုရှယ်မီဒီယာပေါ်မှာ အတည်ပြုပါတယ်။

အနောက်နိုင်ငံတွေအပေါ်  စီးပွားရေးအရ တန်ပြန်နိုင်ဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ ဒီအဖွဲ့ကြီးမှာ အာဆီယံ ၄ နိုင်ငံ အပါအဝင် စုစုပေါင်း ၁၃ နိုင်ငံအထိ ထပ်ပေါင်းထည့်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အသစ်ပါဝင်လာတဲ့ နိုင်ငံတွေဟာ တင်းပြည့်အဖွဲ့ဝင် မဟုတ်သေးပေမဲ့လည်း ကုန်သွယ်ရေးနဲ့ ပြည်ပဆက်ဆံရေး နယ်ပယ်တွေမှာ ချဲ့ထွင်နိုင်ဖို့အတွက်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် အယ်လ်ဂျီရီးယား၊ ဘယ်လာရုစ်၊ ဘိုလီးဗီးယား၊ နိုင်ဂျီးရီးယား၊ ကျူးဘား၊ တူရကီ၊ ယူဂန်ဒါ၊ ကာဇက်စတန်နဲ့ ဥဇဘက်ကစ္စတန် တို့ပါ မဟာမိတ်နိုင်ငံတွေ ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

၂၀၀၆ ခုနှစ်မှာ  ဘရာဇီး (B)၊ ရုရှား (R)၊ အိန္ဒိယ (I)၊ တရုတ် (C) နိုင်ငံတို့နဲ့ စတင်ထူထောင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်အရောက်မှာ တောင်အာဖရိက (S) လည်း ပါဝင်လာတာကြောင့် BRICS အဖွဲ့အဖြစ် ရုပ်လုံးပေါ်လာခဲ့တာပါ။

ဒီနှစ်ထဲမှာလည်း အီဂျစ်၊ အီရန်၊ အီသီယိုးပီးယား၊ ယူအေအီးနဲ့ ဆော်ဒီနိုင်ငံတို့ဟာ အဖွဲ့ဝင်သစ်အဖြစ် ပူးပေါင်းခဲ့တဲ့အတွက် စုစုပေါင်း ၁၀ နိုင်ငံအထိ ရှိလာပြီဖြစ်ပါတယ်။

BRICS အဖွဲ့ဝင်နိုင်ငံတွေဟာ အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၅ ထရီလီယံကျော်ရှိတဲ့ ကမ္ဘာ့စီးပွားရေးအင်အားရဲ့ ၃၀ ရာခိုင်နှုန်းလောက်အထိ ကိုယ်စားပြုထားပါတယ်။

ကမ္ဘာ့စတုတ္ထမြောက် လူဦးရေအများဆုံး အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးသစ် ဆူဂီယိုနို ကတော့ တင်းပြည်အဖွဲ့ဝင် ဖြစ်လာဖို့အထိ ဆန္ဒရှိတဲ့အကြောင်း ပြောကြားပါတယ်။

လာမယ့်နှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်လာမယ့် မလေးရှားနိုင်ငံရဲ့  နိုင်ငံခြားရေးဝန်ကြီး မိုဟာမတ် ဟာဆန် ကလည်း အဖွဲ့ဝင်ကိုယ်စားပြု လူဦးရေဟာ ၃ ဒသမ ၂ ဘီလီယံအထိ ရှိတဲ့အလျောက် ပိုမိုကောင်းမွန်တဲ့ ကုန်သွယ်မှုအခွင့်အလမ်းတွေကို ရရှိနိုင်တယ်ဆိုပြီး မှတ်ချက်ပေးပါတယ်။

မွတ်စလင်နိုင်ငံတွေဖြစ်တဲ့ မလေးရှားနဲ့ အင်ဒိုနီးရှား တို့ဟာ အနောက်အုပ်စုနဲ့ ပတ်သက်ရင်လည်း လွတ်လပ်ပြီး ဘက်မလိုက်ဘဲ ကြားနေလိုတဲ့ နိုင်ငံခြားရေးမူဝါဒအတိုင်း ဆက်သွားဖို့ ရှိတယ်လို့ အတည်ပြုပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဗီယက်နမ်ဝန်ကြီးချုပ် တို့ကတော့ နိုင်ငံ့ကိုယ်စားပြုအဖြစ် အစည်းအဝေးကို တက်ရောက်ခဲ့ကြပါတယ်။

အောက်တိုဘာ ၂၂ ရက်ကနေ ၂၄ ရက်အထိ ရုရှားနိုင်ငံ ကာဇန်မြို့မှာ BRICS ထိပ်သီးညီလာခံကို ၃ ရက်တာ ကျင်းပခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013