DVB Logo
Home
နိုင်ငံတကာ
BRICS အဖွဲ့၏ စည်းလုံးမှုကို အီရန်စစ်ပွဲက စမ်းသပ်နေ
DVB
·
September 12, 2026
Photo:Reuters
Photo:Reuters
Donate to DVB

BRICS အဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးကို စက်တင်ဘာ ၁၂ နဲ့ ၁၃ ရက် တွေမှာ အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသွားဖို့ ရှိပါတယ်။

အီရန်အပေါ်  အမေရိကန်ဆင်နွှဲနေတဲ့ စစ်ပွဲကြောင့် သဘောထားကွဲလွဲမှုတွေ ရှိနေပေမဲ့လည်း ကမ္ဘာလုံးဆိုင်ရာ ပုံရိပ်ကိုမြှင့်တင်ဖို့ BRICS အုပ်စုက ကြိုးပမ်းနေခဲ့တာပါ။

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် တိုက်ခိုက်မှု စတင်ခဲ့ပြီးနောက် ၇ လနီးပါး အကြာမှာပဲ BRICS အဖွဲ့ရဲ့ ၂ ရက်ကြာ နယူးဒေလီ အစည်းအဝေး ပေါ်ပေါက်လာခဲ့ပါတယ်။

လက်ရှိဖြစ်ပွားနေဆဲ စစ်ရေးပဋိပက္ခအတွင်း BRICS အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်ကြတဲ့ အီရန်နဲ့ ယူအေအီးက ဆန့်ကျင်ဘက် ရပ်တည်နေတာကို တွေ့ရပါတယ်။

ဒါဟာ အီရန်ဘက်က ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အလျောက် ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေးအရ ဆက်ဆံမှုအားလုံးကို ယူအေအီးအနေနဲ့ ရပ်ဆိုင်းလိုက်တာကြောင့်ပဲ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်ကတည်းက BRICS အဖွဲ့ဝင်ဖြစ်လာတဲ့ အီရန်နဲ့ရော အစ္စရေးနဲ့ပါ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးကို အိန္ဒိယအနေနဲ့ ထိန်းသိမ်းထားခဲ့ပါတယ်။

အဲဒီနောက် ၂၀၂၅ ဒီဇင်ဘာလကမှ အိန္ဒိယကို နောက်ဆုံးသွားခဲ့တဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ BRICS အစည်းအဝေးတက်ဖို့ လေယာဉ်နဲ့ ဆိုက်ရောက်လာပါတယ်။

၇ နှစ်တာကာလမှာ တရုတ်သမ္မတ ရှီကျင့်ဖျင် ကလည်း ဒေသတွင်းပြိုင်ဘက်ဖြစ်တဲ့ အိန္ဒိယကို ပထမဆုံးအကြိမ် ရောက်လာဖို့ ရှိနေပါတယ်။

ဒါဟာ ဟိမဝန္တာ နယ်စပ်ဒေသတလျှောက် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားကာ လူသေဆုံးတဲ့အထိ ဖြစ်ခဲ့တဲ့ စစ်ရေးပဋိပက္ခအပြီး ၆ နှစ်အကြာမှာ အခုလိုမျိုး နှစ်ဖက်ဆက်ဆံရေး ပြန်လည် ကောင်းမွန် လာတာပါ။

လွန်ခဲ့တဲ့မေလကလည်း နယူးဒေလီမြို့မှာတင် BRICS နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပေမဲ့ ယူအေအီးနဲ့ အီရန်ကြား သဘောထားကွဲလွဲမှုတွေကြောင့် ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ဒါကြောင့် အရှေ့အလယ်ပိုင်းအရေးနဲ့ ပတ်သက်ပြီး BRICS အတွက် အဓိကစိန်ခေါ်မှုဟာ အဖွဲ့တွင်း စည်းလုံးညီညွတ်ရေးနဲ့ အားလုံးလက်ခံနိုင်မဲ့ စကားလုံးအသုံးအနှုန်းမျိုး ရှာဖွေနိုင်ဖို့ပဲ ဖြစ်ပါတယ်။

မူလက အနောက်အုပ်စုရဲ့ လွှမ်းမိုးမှုကို တန်ပြန်နိုင်ဖို့အတွက် BRICS အုပ်စုဟာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက တို့နဲ့သာ ဖွဲ့စည်းခဲ့ပေမဲ့လည်း အခုအခါမှာတော့ အီရန်၊ ယူအေအီး၊ အီဂျစ်၊ အီသီယိုးပီးယား နဲ့ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေအထိ ပါဝင်လာပြီး ချဲ့ထွင်နိုင်ခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013