DVB Logo
Home
မြန်မာသတင်း
တောင်ယမားဆည် ရေပြည့်နေသော်လည်း စိုးရိမ်စရာမရှိသေးဟု ပုလဲ ပအဖ ​​ထုတ်ပြန်
DVB
·
October 25, 2024
တောင်ယမားဆည် ရေပြည့်နေသော်လည်း စိုးရိမ်စရာမရှိသေးဟု ပုလဲ ပအဖ ​​ထုတ်ပြန်
Donate to DVB

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ တောင်ယမားဆည်မှာ ရေပြည့်နေပေမဲ့ ဒေသခံ ပြည်သူတွေအတွက် စိုးရိမ်ရတဲ့ အခြေအနေ မရှိသေးဘူးလို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပုလဲမြို့နယ် ပအဖ) က အောက်တိုဘာ ၂၄ ရက်မှာ  သတင်းထုတ်ပြန်ပါတယ်။

ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “မကွေးတိုင်း မြောက်ပိုင်းမှာ မုန်တိုင်းကြောင့် မိုးများတဲ့အတွက် ဆည်​ရေပြည့်လာတာ။ စိုးရိမ်ရတဲ့ အခြေအနေ မရှိသေးပါဘူး။ အဝါရောင်အဆင့်တော့ သတ်မှတ်ထားတယ်။ ပုလဲမြို့နယ်က ပြည်သူတွေအနေနဲ့ အလွန်အကျွံကြီး မစိုးရိမ်ကြပါနဲ့လို့လည်း သတိပေးချင်ပါတယ်။ ကျနော်တို့အနေနဲ့လည်း ဆည်ရေအခြေအနေကို အနီးကပ်စောင့်ကြည့်ပြီး အချိန်နဲ့တပြေးညီ ပြည်သူတွေကို တင်ပြပေးသွားမှာပါ” လို့ ပြောပါတယ်။

မိုးများပြီး တောင်ယမားဆည်အတွင်း ရေဝင်ရောက်မှု များပြားလာတာကြောင့် အောက်တိုဘာ ၂၄ ရက် နေ့လယ်အထိ ရေပြည့်မှတ် ပေ ၆၆၀ ထက် ၂ ပေခွဲ ကျော်လွန်နေတာဖြစ်ပြီး ရေပိုလွှဲကနေ ၂ ပေနီးပါး ရေကျော်နေတာလို့ ဆိုပါတယ်။

ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က “အခုမနက်ပိုင်းတော့ ဆည်ထဲကို ရေဝင်နည်းသွားပါပြီ။ ရေလွှတ်မြောင်းမကြီးကနေလည်း ရေကို ပုံမှန်လွှတ်ပေးနေပါတယ်။ ဒီဆည်ထဲကိုဝင်တဲ့ တောင်ယမားချောင်းထဲကိုလည်း ဘယ်သူမှ ရေချိုးမဆင်းကြဖို့နဲ့ ချောင်းထဲမှာ ရေတက်နေတဲ့အချိန် ခရီးသွား မော်တော်ယာဥ်တွေအနေနဲ့ အရေးတကြီး ဖြတ်ကူးတာတွေ မပြုလုပ်ကြဖို့ အထူးသတိပေးလိုပါတယ်” လို့  ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်းရဲ့ အရှိန်ကြောင့် စစ်ရေးအခြေအနေ တင်းမာနေတဲ့ မြန်မာပြည်အထက်ပိုင်းက တိုင်းနဲ့ ပြည်နယ်တွေမှာ မိုးကြီးပြီး လေပြင်းတိုက်နိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM) က သတိပေးချက် ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013