DVB Logo
Home
မြန်မာသတင်း
အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်မည့်အပေါ် နာဂအဖွဲ့အစည်းများ ကန့်ကွက်
DVB
·
October 24, 2024
အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်မည့်အပေါ် နာဂအဖွဲ့အစည်းများ ကန့်ကွက်
Donate to DVB

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံနဲ့ နယ်နိမိတ်တလျှောက် နယ်စပ်ခြံစည်းရိုးခတ်ဖို့ လုပ်ဆောင်နေတဲ့အပေါ် နာဂအဖွဲ့အစည်းတွေက ကန့်ကွက်နေကြတဲ့အကြောင်း အိန္ဒိယသတင်းတွေမှာ ဖော်ပြပါတယ်။

မဏိပူရပြည်နယ်ထဲက နာဂဒေသတွေမှာ နယ်စပ်ခြံစည်းရိုးခတ်မယ့် အဆိုပြုချက်ကို နာဂ ပြည်သူ့တပ်ဦး (NPF) အဖွဲ့ကလည်း ကန့်ကွက်ထားပြီး အဖွဲ့အထွေထွေအတွင်းရေးမှူး Honreikhui Kashung က နာဂကြီးစိုးရာဒေသတွေမှာ “ရိုးရာနယ်နိမိတ်တွေကို မပြုပြင်ဘဲ” စည်းရိုးကာရံတာကို ဆန့်ကျင်ကြောင်း ပြောလိုက်တာပါ။

ဒါ့အပြင် နာဂကျောင်းသားအဖွဲ့တွေကလည်း ကမ်ဂျုံးခရိုင်လမ်းတလျှောက် ကျေးရွာတွေကို ကြိုတင်ညှိနှိုင်းမှုမရှိဘဲ ခြံစည်းရိုး အတင်းအဓမ္မ ကာရံနေတာတွေကို ကန့်ကွက်တဲ့အကြောင်း သူတို့ရဲ့ ရပ်တည်ချက်ကို ထပ်မံအတည်ပြုခဲ့ကာ ကျောင်းသားသမဂ္ဂတွေ ပူးပေါင်းပြီးတော့ မဏိပူရပြည်နယ်ဝန်ကြီးချုပ် အန် ဘီရန်ဆင်းဆီ စာပေးပို့ခဲ့ကြောင်းလည်း ပြောပါတယ်။

နယ်စပ်ခြံစည်းရိုးခတ်တာနဲ့ ပတ်သက်တဲ့ တရားဝင်ပေးစာထဲမှာတော့ ကန့်ကွက်လိုတဲ့ အကြောင်းအရာတွေ ပြည်သူတွေက သဘောမတူကြောင်းနဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေကို ထုတ်ပြန်ပေးဖို့ လှုံ့ဆော်ထားတယ်လို့ ဆိုပါတယ်။

ဒေသတွင်း တရားမဝင် ရွှေ့ပြောင်းအခြေချမှုတွေ တိုးမြင့်လာမှုကို ကိုင်တွယ်ဖြေရှင်းရာမှာ အိန္ဒိယအစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုကို ကျောင်းသားအဖွဲ့နှစ်ဖွဲ့က ကျေးဇူးတင်ပေမဲ့ နှစ်နိုင်ငံ လွတ်လပ်စွာ ဖြတ်သန်းသွားလာမှုကို ဖျက်သိမ်းပြီး နယ်စပ်ကို အပြီးတိုင် တံတိုင်းခတ်တာမျိုးက ဖြေရှင်းချက် မဟုတ်ကြောင်းနဲ့ ဒါက ပိုမိုကြီးမားတဲ့ ပြဿနာတွေ ဖန်တီးဖို့နဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်လာစေတယ်လို့လည်း ဆိုပါတယ်။

လတ်တလောမှာတော့ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံနဲ့ နယ်နိမိတ်တလျှောက် နယ်စပ်ခြံစည်းရိုး တည်ဆောက်ဖို့အတွက် ရူပီးငွေကုဋေ ၃၁,၀၀၀ ထိ သုံးစွဲသွားဖို့ အစိုးရက ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။

အရှည် ၁,၆၄၃ ကီလိုမီတာရှိတဲ့ မြန်မာနဲ့ နယ်စပ်တလျှောက်မှာတော့ အာရန်နာချယ် ဒေသပြည်နယ်နဲ့ ကီလိုမီတာ ၅၂၀၊ နာဂလန်းပြည်နယ်နဲ့ ၂၁၅ ကီလိုမီတာ၊ မဏိပူရ ပြည်နယ်နဲ့ ၃၉၈ ကီလိုမီတာ၊ မီဇိုရမ်ပြည်နယ်နဲ့ ကီလိုမီတာ ၅၁၀ ထိစပ်နေတာပါ။

လတ်တလောမှာတော့ လူမျိုးရေးအကြမ်းဖက်မှုတွေ ဖြစ်ပွားရာ ဇာစ်မြစ်လို့ ဆိုနိုင်တဲ့ မဏိပူရပြည်နယ်ထဲမှာ နယ်စပ်စည်းရိုးတလျှောက် ကီလိုမီတာ ၃၀ လောက် စည်းရိုးကာရံမှု လုပ်ငန်းတွေ ပြီးစီးခဲ့တဲ့အကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီး အာမစ် ရှားက ပြောထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဘက်က တမူးမြို့နဲ့ နယ်စပ် မိုရေးမြို့အနီးမှာလည်း ၁၀ ကီလိုမီတာလောက် နယ်စပ်ခြံစည်းရိုး တည်ဆောက်ခဲ့ပြီးဖြစ်သလို ကျန်ရှိနေတဲ့ နောက်ထပ် ၂၁ ကီလိုမီတာလောက်ကိုလည်း မဏိပူရပြည်နယ်ထဲက တခြားနေရာတွေမှာ လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

Source: IMF/ Indian Express

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013