DVB Logo
Home
မြန်မာသတင်း
ဝေါမြို့နယ်တွင် ခရီးသည်တင်ယာဉ်ဖြင့် ပစ္စတိုသေနတ်များ ယူဆောင်လာသူ ဖမ်းဆီးခံရ
DVB
·
October 24, 2024
ဝေါမြို့နယ်တွင် ခရီးသည်တင်ယာဉ်ဖြင့် ပစ္စတိုသေနတ်များ ယူဆောင်လာသူ ဖမ်းဆီးခံရ
Donate to DVB

ပဲခူးတိုင်း၊ ဝေါမြို့နယ် ဗျူဟာလမ်းဆုံအနီးရှိ ညောင်ခါးရှည် X-Ray ဂိတ်မှာ မနေ့ အောက်တိုဘာ ၂၃ ရက် ညက ပစ္စတိုသေနတ် ၁၆ လက် ယူဆောင်လာသူတယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ဝေါမြို့နယ် ညောင်ခါးရှည် X-ray စက် စစ်ဆေးရေးဂိတ်မှာ မနေ့ည ၇ နာရီခန့်က မော်လမြိုင်ဘက်မှ မန္တလေးဘက်ကို မောင်းနှင်လာတဲ့ ခရီးသည်တင်ယာဉ်တစီးပေါ် လိုက်ပါလာတဲ့ ခရီးသည်တယောက်ဆီက ပစ္စတို ၁၆ လက်နဲ့အတူ ခဲယမ်းတွေ ဖမ်းဆီးရမိ​ခဲ့တာလို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“X-Ray ဂိတ်ရောက်ရင် ခရီးသည်တွေအားလုံး လမ်းဆင်းလျှောက်ရတာပါ။ သူက သူများတွေလို တည့်တည့်မလျှောက်ရဲဘဲ တခြားနေရာက သွားနေတာတွေ့လို့ ခေါ်ပြီး စစ်ဆေးကြည့်ရာက ဖမ်းမိခဲ့တာပါ။ ဘယ်အဖွဲ့အစည်းကလဲ ဆိုတာတော့ လောလောဆယ် မသိရသေးပါဘူး။”

ပစ္စတိုသေနတ်တွေနဲ့ ခဲယမ်းတွေ သယ်ဆောင်လာတဲ့ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့၊ လပြည့် ၁ ရပ်ကွက်မှာ နေထိုင်သူ အသက် ၃၂ နှစ်အရွယ် ကိုကိုနိုင် (ခ) ကိုနိုင် ဖြစ်ကြောင်းနဲ့ သူ့ဆီက ပစ္စတိုသေနတ် ၁၆ လက် (အမျိုးအစား စိစစ်ဆဲ)၊ သေနတ်ကျည်အိမ် ၃၂ ခု၊ 9mm Luger ကျည် ၃၉ဝ တောင့်၊ 380 Auto ကျည် ၁၄ဝ တောင့်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း ပဲခူးတိုင်း၊ ဝေါမြို့အနီးမှာ စစ်ကောင်စီက M4 သေနတ် ၃ လက်၊ SR-1 Carbine သေနတ် ၂၇ လက်၊ Sniper မှန်ပြောင်း ၁ ခု၊ DJI Drone ၁ စုံ၊ I-com ၄ လုံး၊ ကျည်ဆန် ၅,၃၃၈ တောင့်၊ ယူနီဖောင်း ၁၀ စုံ၊ တိုက်ခိုက်ရေးဖိနပ် ၁ ရံနဲ့ ကျည်အိမ် ၁၇ ခုတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီ ဝါဒဖြန့်သတင်းတွေမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013