DVB Logo
Home
မြန်မာသတင်း
စိုက်ပျိုးစရိတ်ကြီးမှုကြောင့် ရခိုင်က ဆောင်းသီးနှံစိုက်တောင်သူများ ဧကလျှော့စိုက်ပျိုး
DVB
·
October 24, 2024
စိုက်ပျိုးစရိတ်ကြီးမှုကြောင့် ရခိုင်က ဆောင်းသီးနှံစိုက်တောင်သူများ ဧကလျှော့စိုက်ပျိုး
Donate to DVB

စိိုက်ပျိုးစရိတ် ကြီးမားတာကြောင့် ရခိုင်က ဆောင်းသီးနှံစိုက်ပျိုးတဲ့ တောင်သူအများစုဟာ လက်ရှိ ၂၀၂၄ ခုနှစ် စိုက်ပျိုးတဲ့ ဆောင်းသီးနှံတွေကို ဧကလျှော့ စိုက်ပျိုးကြတယ်လို့ တောင်သူတွေက ပြောပါတယ်။

ရခိုင်မှာ ဆောင်းသီးနှံကို ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်ဘက်တွေမှာ အဓိကစိုက်ပျိုးကြပြီး ဆောင်းရာသီ တခုတည်းမှာသာ စိုက်ပျိုးကြတာလည်း ဖြစ်ပါတယ်။

ဒီနှစ်မှာတော့ ဆောင်းသီးနှံစိုက်ပျိုးရာမှာ မျိုးစေ့တွေနဲ့ မြေသြဇာစျေးတွေ အဆမတန် မြင့်တက်နေတာနဲ့ ကြုံရတဲ့အတွက် ဆောင်းသီးနှံစိုက်ပျိုးသူတွေ အကျပ်တွေ့ခဲ့ရတာလို့ မြောက်ဦးမြို့နယ်က ဆောင်းသီးနှံစိုက်ပျိုးသူ တောင်သူတယောက်က ပြောပါတယ်။

“ဒီလိုပါပဲ အစအရာအရာ အကျပ်တည်းတွေနဲ့။ မြေသြဇာကလည်း စျေးကြီးတယ်။ အခု အပင်တွေကို မြေသြဇာကြဲချိန်ရောက်ပြီ၊ မဝယ်နိုင်ဘူး ဖြစ်နေတယ်။ ဒီနှစ်က မျိုးစေ့ချကတည်းက အခက်ကြုံရတာပဲ။ မျိုးစေ့ထုပ်တွေက အရင်ကထက် ၅ ဆလောက်ကို စျေးတက်သွားတယ်။”

လက်ရှိ ရခိုင်ဒေသဘက်မှာ ဖြစ်ပေါ်နေတဲ့ မြေသြဇာစျေးကတော့ ၅၀ ကီလိုဂရမ် တထုပ်ကို ကျပ် ၆ သိန်းအထိရှိနေပြီး မျိုးစေ့တွေဖြစ်တဲ့ ပြောင်း၊ ပဲအမျိုးမျိုး၊ ဘူး၊ ဖရုံ၊ ခရမ်း စတဲ့ မျိုးစေ့တွေဟာလည်း မူလစျေးထက် ၅ ဆခန့်အထိ မြင့်နေတာဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ဆောင်းသီးနှံစိုက်ပျိုးသူ တောင်သူအများစုဟာ အခုနှစ် စိုက်ပျိုးဧကတွေကို အရင်နှစ်တွေကထက် လျှော့ချစိုက်ပျိုးခဲ့ကြတာလို့ တောင်သူတယောက်က ပြောပါတယ်။

“ဒီလို စျေးတွေမြင့်နေတော့ တော်တော်များများက အရင်ကလို မစိုက်နိုင်ကြတော့ဘူး။ ကျနော်ဆိုလည်း ဒီနှစ် ခရမ်းစိုက်မယ်ဆိုပြီး လုပ်နေတာ စိုက်ဖြစ်မယ် မထင်တော့ဘူး။ ပြောင်းနဲ့ ပဲတွေပဲ စိုက်တော့မယ်။ စရိတ်က မတတ်နိုင်ဘူးလေ။ တချို့ဆို ကိုင်းတွေလည်း မလုပ်ကြတော့ဘဲ ဖယ်ထားခဲ့ကြတာတွေလည်း ရှိကြတယ်။”

ရခိုင်ပြည်နယ်မှာ မိုးတွင်းကို စပါးအဓိကစိုက်ပျိုးပြီး ဆောင်းရာသီတခုတည်းမှာသာ သီးနှံတွေ စိုက်ပျိုးကြတာဖြစ်သလို စိုက်ပျိုးတဲ့ သီးနှံတွေကတော့ ငရုတ်၊ ခရမ်း၊ ဘူး၊ ဖရုံ၊ ပဲလုံး၊ ပဲပြား၊ မြေပဲ၊ အာလူး၊ မုံညင်း၊ ဂေါ်ဖီ၊ မုန်လာ စသဖြင့် စိုက်ပျိုးကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013