DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်က  တပ်သားသစ်များကို မူးယစ်‌ဆေးဝါးသုံးခိုင်းပြီး ရှေ့တန်းလွှတ်နေ
DVB
·
October 24, 2024
စစ်ကောင်စီတပ်က  တပ်သားသစ်များကို မူးယစ်‌ဆေးဝါးသုံးခိုင်းပြီး ရှေ့တန်းလွှတ်နေ
Donate to DVB

စစ်ကောင်စီတပ်က စုဆောင်းထားတဲ့ လူငယ်တပ်သားသစ်တွေကို မူးယစ်ဆေးဝါးသုံးခိုင်းပြီး ရှေ့တန်းစစ်မြေပြင်တွေကို စေလွှတ်နေတယ်လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ CDM စစ်သားတွေက ပြောပါတယ်။

အောက်တိုဘာ ၁၃ ရက်က မြိတ်မြို့၊ ခလရ ၁၀၃ တပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းအပတ်စဥ် ၂ က တပ်သား ၃ ယောက်ဟာ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ခိုလှုံလာခဲ့ပါတယ်။

အဆိုပါလွတ်မြောက်လာသူ ၃ ယောက်ရဲ့ ပြောပြချက်အရ စစ်သားဟောင်းတွေက စုဆောင်းထားတဲ့ လူငယ်တပ်သားသစ်တွေကို မူးယစ်ဆေးဝါး ပေးသုံးတာတွေ၊ ဝါဒဖြန့်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ထွက်ပြေးလွတ်မြောက်လာတဲ့ CDM စစ်သားတယောက်က “ရှေ့တန်းမထွက်ခင် တယောက်ကို WY ခေါ် စိတ်ကြွမူးယစ်ဆေးဝါး အလုံး ၂၀၀ ပါ တထုပ်ပေးတယ်။ ကျနော်တို့ သင်တန်းကျောင်းမှာကတည်းက ပေးသုံးတယ်။ တချို့ ဗိုလ်လေးတွေဆို သူတို့ရှေ့မှာ ထိုင်သုံးနေရင်တောင် ဘာမှမပြောဘူး” လို့ ပြောပါတယ်။

CDM စစ်သား နောက်တယောက်က “စစ်သင်တန်းကျောင်းမှာလည်း ဗိုလ်မှူးတွေ ကျောင်းအုပ်တွေက PDF တွေ မီးရှို့တယ်၊ လူသတ်တယ် ဆိုပြီး ပြောတာတွေရှိတယ်။ ဘယ်ပြည်သူစစ်ပဲမေးမေး အဲလိုလေသံပဲ ထွက်မှာ။ ဘာကြောင့်လဲဆိုတော့ စစ်သင်တန်းကျောင်း စရောက်ကတည်းက ပြောထားတာလေ” လို့ ပြောပါတယ်။

အခုလို စစ်ကောင်စီဘက်က စုဆောင်းထားတဲ့ တပ်သားတွေကို မူးယစ်ဆေးဝါးနဲ့ အရက်တွေတိုက်ပြီး မြှောက်ပေးနေတဲ့ အနေအထားမျိုး ဖြစ်နေပြီလို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

“အရင်တုန်းက စစ်သားဟောင်းတွေက နောက်ရောက်လာတဲ့ တပ်သားသစ်တွေကို မူးယစ်ဆေးဝါးတို့ အရက်တို့ တိုက်ပြီးတော့မှ စိတ်ဓာတ်တွေကို ဖျက်ဆီးပြီး ပေါက်ကရတွေ ခိုင်းလိမ့်မယ်။ ဘုတလင်ဘက်မှာ ဖြစ်သွားတဲ့ဟာဆိုလည်း လူသစ်စုထားတဲ့ တပ်သားတွေ မပါဘူးလို့ ပြောလို့မရဘူး။ လူသစ်စုထားတဲ့ တပ်သားတွေက ချို့တဲ့ပြီး မဲဖောက်ခံရသူ များတယ်။ အဲလိုလူတွေကို မူးယစ်ဆေးဝါးနဲ့ အရက်တွေတိုက်ပြီး မြှောက်ပေးနေတဲ့ အနေအထားမျိုး ဖြစ်နေပြီ။”

အောက်တိုဘာ ၁၄ ရက်မှာ စဖြစ်ပွားတဲ့ ပုလောမြို့နယ်၊ ကြဲကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီဘက်က စုဆောင်းထားတဲ့ တပ်သားသစ်တွေကို ရှေ့တန်းမှာ အသုံးပြုနေတယ်လို့ မြိတ်ခရိုင်၊ PDF အမှတ် ၁ တပ်ရင်းဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013