DVB Logo
Home
နိုင်ငံတကာ
ဖိလစ်ပိုင်တရားရုံးက စစ်သွေးကြွ အဘူဆေယက်ဖ်အဖွဲ့ဝင်များကို  ထောင်ဒဏ်တသက် ချမှတ်
DVB
·
October 23, 2024
ဖိလစ်ပိုင်တရားရုံးက စစ်သွေးကြွ အဘူဆေယက်ဖ်အဖွဲ့ဝင်များကို  ထောင်ဒဏ်တသက် ချမှတ်
Donate to DVB

ဖိလစ်ပိုင်တရားရုံးဟာ အဘူဆေယက်ဖ်စစ်သွေးကြွအဖွဲ့ (ASG) ခေါင်းဆောင်တွေနဲ့  နောက်လိုက်နောက်ပါ ၁၇ ယောက်တို့ကို  နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသွားတွေအပေါ်  ပြန်ပေးဆွဲခဲ့မှုနဲ့ ထောင်ဒဏ်တသက်တကျွန်း ချမှတ်လိုက်ပါတယ်။

၂၀၀၀ ပြည့်နှစ် ဧပြီလက ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဆူလူခရိုင်မှာ လူပေါင်း ၂၁ ယောက်ကို ပြန်ပေးဆွဲမှုနဲ့ ဓားစာခံအဖြစ် ဖမ်းဆီးထားမှုတို့မှာ ပါဝင်ပတ်သက်မှုအတွက် ဖိလစ်ပိုင်တရားရုံးက အပြစ်ရှိကြောင်း တွေ့ရှိပြီး ခုလို ပြစ်ဒဏ်ချမှတ်လိုက်တာပါ။

တရားရုံးက ထုတ်ပြန်တဲ့ မှတ်တမ်းတွေအရ အဘူဆေယက်ဖ် အဖွဲ့ဝင်တွေဟာ ဂျာမန်၊ ပြင်သစ်၊ ဖင်လန်၊ တောင်အာဖရိကနဲ့ လက်ဘနွန် နိုင်ငံသားတွေ အပါအဝင် လူ ၂၁ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

ပြန်ပေးဆွဲခံရသူတွေထဲမှာ မလေးရှားနိုင်ငံသားတွေနဲ့ ဖိလစ်ပိုင်အပန်းဖြေစခန်းက အလုပ်သမား ၂ ယောက်လည်း ပါဝင်ခဲ့ပါတယ်။

ကျူးလွန်ခံရသူတွေဟာ မလေးရှားနိုင်ငံ၊ ဆီဒါပန်ကျွန်းရှိ အပန်းဖြေစခန်းကနေ ပြန်ပေးဆွဲခံခဲ့ရပြီး သူတို့ကို ဖိလစ်ပိုင်နိုင်ငံရဲ့ မြို့တော် မနီလာရဲ့ တောင်ဘက် ၉၅၅ ကီလိုမီတာအကွာရှိ ဆူလူပြည်နယ်ကို လှေနဲ့ ခေါ်ဆောင်သွားခဲ့ပါတယ်။

စစ်သွေးကြွအုပ်စုဟာ အဲဒီမှာ ဓားစာခံတွေကို လအတန်ကြာ ဖမ်းဆီးထားခဲ့ပြီး ဖိလစ်ပိုင်အစိုးရနဲ့ ဓားစာခံတွေရဲ့ မိသားစုတွေဆီမှ ရွေးနုတ်ဖိုး ငွေညှစ် တောင်းခံခဲ့ကြပါတယ်။

တရားရုံး တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ စစ်သွေးကြွ ၁၇ ယောက်ကို ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့ပြီး အနှစ် ၃၀ ကျခံပြီးရင်တော့ လွတ်ငြိမ်းချမ်းသာခွင့် ရနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013