DVB Logo
Home
Lead Story
မင်းအောင်လှိုင်နှင့်အပေါင်းအပါများကို စစ်ရာဇဝတ်မှုဖြင့် အရေးယူရန် တိုင်ကြားစာအတွက် အယူခံလွှာကို ဖိလစ်ပိုင်တရားရုံး လက်ခံ
DVB
·
November 4, 2026
Photo  CHRO
Photo CHRO
Donate to DVB

စစ်အာဏာရှင်မင်းအောင်လှိုင်နဲ့ မြန်မာစစ်တပ် ထိပ်ပိုင်းခေါင်းဆောင် ၉ ယောက်ကို စစ်ရာဇဝတ်မှုနဲ့အရေးယူဖို့ တိုင်ကြားစာအတွက် အယူခံလျှောက်လွှာကို ဖိလစ်ပိုင်တရားရုံးက လက်ခံလိုက်ပြီလို့ ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)က နိုဝင်ဘာ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တာတွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတုန်းက ဖိလစ်ပိုင်တရားရေးဌာနဆီ ချင်းတိုင်းရင်းသား ၅ ယောက်က တိုင်ကြားစာ ပေးပို့ခဲ့တာပါ။

ဖိလစ်ပိုင်နိုင်ငံရဲ့ ၂၀၀၉ ခုနှစ် နိုင်ငံတကာ လူသားချင်းစာနာမှု အက်ဥပဒေအရ တိုင်ကြားခဲ့တာဖြစ်ပေမဲ့ ဖိလစ်ပိုင်တရားရုံးက ပယ်ချခဲ့ပါတယ်။

စစ်ရာဇဝတ်မှုတွေကြောင့် ထိခိုက်နစ်နာခဲ့သူတွေရဲ့ မိသားစုဝင်တွေက တိုင်ကြားတာဖြစ်ပြီး ကမ္ဘာ့တိုက်ကြီး ၄ တိုက်က ပြည်သူအသိုက်အဝန်းကလည်း ပူးပေါင်းဝန်းရံကူညီတယ်လို့ CHRO က ဆိုပါတယ်။

ဒီလို အယူခံလျှောက်လွှာကို လက်ခံလိုက်တာနဲ့ပတ်သက်လို့ နိုဝင်ဘာ ၃ ရက်က ဖိလစ်ပိုင်မှာ သတင်းစာရှင်းလင်းပွဲတခုလည်း ပြုလုပ်ခဲ့ပြီး ဖိလစ်ပိုင်က ခရစ်ယာန်နဲ့ မွတ်စလင် ဘာသာရေးခေါင်းဆောင်တွေကလည်း ရင်ဆိုင်ကျန်ရစ်သူတွေနဲ့အတူ ရပ်တည်ထောက်ခံ အားပေးကြောင်း ထုတ်ပြန် ပြောဆိုခဲ့ကြပါတယ်။

ဖိလစ်ပိုင် အမျိုးသားဒအ်ဝါကောင်စီရဲ့ ဥက္ကဋ္ဌ ယူးဆွဖ်ဂျေမန်ဒိုက “တရားမျှတမှုဆိုတာဟာ ခွဲခြားမှုမရှိဘဲ ညီမျှရမှာဖြစ်ပြီး ကျနော်တို့ရဲ့ လူသားဆန်မှုဟာ ကျနော်တို့ကြားက ကွဲပြားမှုတွေထက် ပိုပြီးကြီးရမယ်” လို့ ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ စစ်ရာဇဝတ်မှုကို ကိုယ်တိုင်ကြုံခဲ့ရသူတွေ၊ သူတို့ရဲ့ မိသားစုဝင်တွေပါဝင်ပြီး တခြားသူတွေကို ကူညီရင်း သေဆုံးခဲ့ရတဲ့အကြောင်း၊ စစ်တပ်ကြောင့် ထန်တလန်မြို့ကြီး မီးလောင်ပြာကျသွားတဲ့အကြောင်း စတာတွေကို ပြောပြခဲ့ကြပါတယ်။

အခုလို တရားစွဲဆိုဖို့ ကူညီပေးတဲ့ ဖိလစ်ပိုင် ဧဝံဂေလိအသင်းတော်များကောင်စီ အပါအဝင် ဖိလစ်ပိုင် ဘာသာပေါင်းစုံ အသိုက်အဝန်း၊ မြန်မာနိုင်ငံ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ စီမံကိန်း (MAP) နဲ့ ရှေ့နေတွေကို ကျေးဇူးတင်တယ်လို့လည်း CHRO က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့လည်း ပုံမှန်အတိုင်း ပြန်လည်ဆက်ဆံရေးဟာ တရားမျှတမှုအစား ထိရောက်တဲ့ အစားထိုးမှုမဖြစ်နိုင်ဘဲ နစ်နာသူတွေကို တာဝန်ခံဖို့ ငြင်းပယ်ထားတုန်း ရာဇဝတ်ကောင်တွေကို ဆုလာဘ်မပေးသင့်ဘူးလို့ ဆိုပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013