DVB Logo
Home
မြန်မာသတင်း
ရွှေပြည်သာတွင် မိုးကြီးပြီး လူ ၃,၄၀၀ နီးပါး ရေဘေးသင့်၊ ၁ ဦး ဓာတ်လိုက်သေဆုံး
DVB
·
October 23, 2024
ရွှေပြည်သာတွင် မိုးကြီးပြီး လူ ၃,၄၀၀ နီးပါး ရေဘေးသင့်၊ ၁ ဦး ဓာတ်လိုက်သေဆုံး
1 / 7
Donate to DVB

ရန်ကုန်၊ ရွှေပြည်သာမြို့နယ်မှာ ၂ ရက်အတွင်း မိုးသည်းထန်စွာ ရွာနေခဲ့တာကြောင့် ‌လူ ၃,၄၀၀ နီးပါး ရေဘေးသင့်ခဲ့ပြီး ရေထဲ ဓာတ်ကြိုးပြတ်ကျလို့ အမျိုးသမီးတယောက် သေဆုံးခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

အောက်တိုဘာ ၂၁ ရက်က စတင်ခဲ့တဲ့ လေပြင်းတိုက် မိုးကြီးခဲ့တာကြောင့် အောက်တိုဘာ ၂၂ ရက်မှာ ရပ်ကွက်ပေါင်း ၂၀ နီးပါးရှိ အိမ်ထောင်စု ၉၀၀ ကျော် အရေးပေါ် ရွှေ့ပြောင်းနေထိုင်ခဲ့ရသလို ကယ်ဆယ်ရေးစခန်း ၁၄ ခုအထိ ဖွင့်လှစ်ခဲ့ရပါတယ်။

လူမှုကူညီရေးအဖွဲ့ဝင်တယောက်က “ဒီနေ့ (အောက်တိုဘာ ၂၄ ရက်) မှာတော့ တချို့ရပ်ကွက်တွေ ရေတော့ကျသွားပြီ။ ပြန်တော့ ဝင်လို့မရလောက်သေးဘူး။ မြွေ၊ ကင်း၊ အဆိပ်ရှိ အကောင်‌တွေရဲ့ အန္တရာယ် ရှိနိုင်သေးတယ်။ နုန်းတွေ ရွှံ့တွေ ပြန်ဆေးဖို့တွေ ရှိတယ်။ သန့်လေးသန့်ထဲက ရေ၊ အိမ်သာ သန့်ရှင်းရေး အရေးကြီးတယ်။ အိမ်အတွင်း လျှပ်စစ်ကြိုးတွေ မီးခုံတွေ ပြန်စစ်ဖို့တွေ သတိထားဖို့လိုမယ်။ မနက်က ၁၂ ရပ်ကွက်မှာ စက်မှုဇုန်ထဲ အလုပ်သွားတဲ့ အမျိုးသမီးတယောက်လည်း ဓာတ်လိုက်ပြီး ဆုံးသွားတယ်” လို့ ပြောပါတယ်။

ရေကြီးနေသေးတဲ့ ရပ်ကွက်တွေက ကယ်ဆယ်ရေးစခန်းတွေကို ရပ်ကွက်ဓမ္မာရုံ၊ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ယာယီဖွင့်လှစ်ပေးထားပေမဲ့ လူထောင်ချီအတွက် စားသောက်ရေး အစီအစဉ်တွေကို အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ပြင်ပအလှူရှင်တွေကသာ ထောက်ပံ့ပေးနေရပါတယ်။

မြို့ခံတယောက်က “ရေနည်းနည်းကျသွားတယ်။ ရေက ထောက်နေတာ၊ ဒီမနက်မှ နည်းနည်း နည်းနည်းနဲ့ ကျသွားတာ။ ပြန်လို့တော့ရနေပြီ။ တချို့ကလည်း မိုးဆက်ရွာရင် ပြန်တက်လာမှာစိုးလို့ ဆက်နေကြတယ်။ စားရေးသောက်ရေးတော့ အလှူရှင်တွေပဲ အားကိုးရတာ။ လူနာတင်ယာဉ်အသင်းတွေ ထမင်းလာဝေပေးပါတယ်” လို့ ပြောပါတယ်။

ရေကြီးရေလျှံနေတဲ့အတွက် မြို့နယ်အတွင်း လျှပ်စစ်ဖြတ်တောက်ထားရာက မနက်ပိုင်းမှာ လွှတ်ပေးမိခဲ့လို့ ရွှေပြည်သာမြို့နယ်၊ ၁၂ ရပ်ကွက်၊ ပိတောက်လမ်းမှာ အောက်တိုဘာ ၂၃ ရက် မနက် ၅ နာရီခွဲလောက်က အသက် ၄၀ အရွယ် စက်ရုံအလုပ်သမ ဒေါ်နော်ဖူး ဆိုသူ အမျိုးသမီးတယောက် ဓာတ်လိုက်ပြီး သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013