DVB Logo
Home
နိုင်ငံတကာ
အမေရိကန်၊ G7 နှင့် EU တို့က ယူကရိန်းကို ဒေါ်လာ ၅၀ ဘီလီယံ ချေးမည်
DVB
·
October 23, 2024
အမေရိကန်၊ G7 နှင့် EU တို့က ယူကရိန်းကို ဒေါ်လာ ၅၀ ဘီလီယံ ချေးမည်
Donate to DVB

ယူကရိန်းကို အမေရိကန်၊ G7 နဲ့ ဥရောပသမဂ္ဂ (EU) တို့က ဒေါ်လာ ဘီလီယံ ၅၀ ချေးဖို့ အလွန်နီးစပ်နေပြီလို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျဲနတ်ရယ်လန်က ပြောပါတယ်။

ထုတ်ယူခွင့်မပြုဘဲ ထိန်းသိမ်းထားတဲ့ ဥရောပမှာရှိနေတဲ့ ရုရှားပိုင်ငွေတွေကို ယူကရိန်းကို ချေးမှာဖြစ်ပါတယ်။

ရုရှားပိုင်ငွေတွေကို မလည်ပတ်နိုင်အောင် ၆ လတကြိမ် ထိန်းသိမ်းမှုအသစ် ပြုလုပ်လေ့ရှိပြီး ဒီငွေတွေနဲ့ ယူကရိန်းကိုထောက်ပံ့ဖို့ နီးစပ်နေတာပါ။

ရုရှားပိုင်ငွေတွေနဲ့ ပတ်သက်ပြီး အမေရိကန်က ဥရောပသမဂ္ဂကို အာမခံချက် ခိုင်ခိုင်မာမာ ပေးခိုင်းထားပြီး ဒီငွေတွေကို ဘယ်လ်ဂျီယံမှာ ကာလရှည် ထိန်းသိမ်းထားမှာ ဖြစ်ပါတယ်။

ယူကရိန်းစစ်ပွဲ ပြီးဆုံးပါက အမေရိကန်က စိုက်ထားတဲ့ ငွေကြေးတွေ ပြန်လည်ရရှိမှာဖြစ်လို့ အမေရိကန်နိုင်ငံသားတွေရဲ့ အခွန်ဆောင်ထားတဲ့ငွေတွေ ဆုံးရှုံးရမယ့် စွန့်စားမှုလည်း မရှိတော့ဘူးလို့ ဆိုပါတယ်။

ရယ်လန်က  ဒေါ်လာ ဘီလီယံ ၅၀ အမေရိကန်ရဲ့ ပံ့ပိုးမှုချေးငွေပေးမယ့် အစီအစဉ် အရမ်းနီးစပ်နေပါကြောင်း၊ အမေရိကန်ပြည်သူတွေရဲ့ အခွန်တွေနဲ့ ချေးတာထက် ရုရှားရဲ့ ပိုင်ဆိုင်တဲ့ငွေတွေကို ချေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ယူကရိန်းကို ချေးငွေပေးအပ်မယ့် အစီအစဉ်ကို ဒီနှစ်အကုန်မှာ နောက်ဆုံး ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်က ယူကရိန်း-ရုရှား စစ်ထဲကနေ ထွက်ဖို့ သန္နိဋ္ဌာန် ချထားတာကြောင့် G7 အနေနဲ့ နိုဝင်ဘာ ၅ ရက် အမေရိကန်သမ္မတ ရွေးကောက်ပွဲ မတိုင်မီ ယူကရိန်းကို နောက်ဆုံးငွေချေးဖို့ အစီအစဉ် ပြုလုပ်နေတာပါ။

ဥရောပဥပဒေပြဋ္ဌာန်းသူတွေက ရုရှားပိုင်ငွေ ဒေါ်လာ ၃၈ ဘီလီယံကို ချေးငွေအဖြစ် အသုံးပြုဖို့ အင်္ဂါနေ့က အတည်ပြုခဲ့ပါတယ်။

အမေရိကန်ကလည်း ဒေါ်လာ ဘီလီယံ ၂၀ ကူဖို့ ပြင်ဆင်နေတယ်လို့ ရယ်လန်က ပြောဆိုထားပါတယ်။

ဂျဲနတ်ရယ်လန်ရဲ့ ကြေညာချက်မှာ ပိတ်ဆို့မှုတွေကို တိုးချဲ့သွားမှာဖြစ်ပြီး ဘဏ္ဍာရေးဆိုင်ရာ ဒုတိယမြောက် ပိတ်ဆို့မှုလည်း ပါဝင်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ပိတ်ဆို့မှုမှာ ဘဏ်တွေကနေ ရုရှားကို ငွေကြေး အလွယ်တကူ စီးဆင်းမှုတွေကို ပိတ်ပင်ခဲ့တာဖြစ်ပြီး ထပ်တိုးပိတ်ဆို့မှုတွေလည်း ပြုလုပ်မှာဖြစ်ပါတယ်။

ဥရောပသမဂ္ဂ (EU) ရဲ့ လွှတ်တော်အမတ်တွေက မဟာမိတ် ယူကရိန်းကို ယူရို ၃၅ ဘီလီယံ (ဒေါ်လာ ၃၈ ဘီလီယံ) အထိ ချေးပေးနိုင်ရေးအတွက် ထိန်းသိမ်းထားတဲ့ ရုရှားဗဟိုဘဏ်ရဲ့ ပိုင်ဆိုင်မှုတွေကို သုံးဖို့ EU ရဲ့ အစီအစဉ်ကို အောက်တိုဘာ ၂၂ ရက်မှာ အတည်ပြုခဲ့ပါတယ်။ ဒီအစီအစဉ်ကို EU အစိုးရတွေက အောက်တိုဘာလ အစောပိုင်းမှာ သဘောတူခဲ့တာပါ။

အဲဒီနောက် ယူကရိန်းအစိုးရကိုပေးဖို့ စီစဉ်ထားတဲ့ ချေးငွေအတွက် နောက်ဆုံး ဥပဒေပြု အဆင့်မှာ ဥရောပလွှတ်တော်ဟာ ထောက်ခံမဲ ၅၁၈ မဲ၊ ကန့်ကွက်မဲ ၅၆ မဲ၊ ကြားနေမဲ ၆၁ မဲ ပေးခဲ့ပါတယ်။

ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံအဖွဲ့ G7 က အနောက်နိုင်ငံတွေမှာ ထိန်းသိမ်းခံထားရတဲ့ ရုရှားပိုင်ဆိုင်မှုတွေကနေ ထုတ်ပေးတဲ့ အမြတ်ငွေတွေနဲ့ ယူကရိန်းကို ကူညီရေး အလုံးစုံချေးငွေ ဒေါ်လာ ၅၀ ဘီလီယံကို ထောက်ပံ့ပေးဖို့ စီစဉ်ထားပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားက ယူကရိန်းကို အပြည့်အဝ ကျူးကျော်ဝင်ရောက်ပြီးတဲ့နောက် မကြာမီ ရုရှားရဲ့ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားခဲ့ပါတယ်။

ပိုင်ဆိုင်မှု ၃ ပုံ ၂ ပုံကျော်ဖြစ်တဲ့ ယူရို ၂၁၀ ဘီလီယံလောက်ရဲ့ အများစုဟာ ဘယ်လ်ဂျီယံနိုင်ငံရဲ့  ပိုင်ဆိုင်မှု ဘေးကင်းလုံခြုံရေးနဲ့ ဝန်ဆောင်မှုပေးတဲ့ Euroclear ကုမ္ပဏီနဲ့ အတူ အဖွဲ့ဝင် ၂၇ နိုင်ငံရှိတဲ့ ဥရောပသမဂ္ဂထဲမှာ ပိတ်မိနေပါတယ်။

ဗြိတိန်အစိုးရက ယူကရိန်းကို ပေါင် ၂ ဒသမ ၂၆ ဘီလီယံ (ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံ) ထုတ်ချေးမယ်လို့ တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013