DVB Logo
Home
မြန်မာသတင်း
ထိုင်းနယ်စပ် ဖုပ်ဖရမြို့နယ်တွင် တရားမဝင်ရိုဟင်ဂျာ ၁၃ ဦး ဖမ်းဆီးခံရ
DVB
·
October 23, 2024
ထိုင်းနယ်စပ် ဖုပ်ဖရမြို့နယ်တွင် တရားမဝင်ရိုဟင်ဂျာ ၁၃ ဦး ဖမ်းဆီးခံရ
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ ဖုပ်ဖရမြို့နယ်ထဲမှာ အောက်တိုဘာ ၂၂ ရက်ညက တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာ ၁၃ ယောက်ကို လမ်းပြ ထိုင်း ၂ ယောက်နဲ့အတူ ဖမ်းဆီးရမိတယ်လို့  AEC အာဆီယံထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းစစ်တပ် ရာ့ချ်မနူးစစ်ကြောင်းနဲ့ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မနေ့ညက ဖုပ်ဖရမြို့နယ် ဖုပ်ဖရအုပ်စု ဆိုင်းငမ်းကျေးရွာအနီး ကင်းလှည့်လည်စစ်ဆေးစဉ် အနက်ရောင်နဲ့ မီးခိုးရောင်  တိုယိုတာ ဟိုင်းလပ်စ်ကား ၂ စီး တောလမ်းထဲဝင်ရောက်လာတယ်လို့  တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ 

အဆိုပါကား ၂ စီးကို မသင်္ကာလို့ ရပ်တံ့စစ်ဆေးစဉ်မှာပဲ တောထဲကနေ လူတစု ခြေလျင်လျှောက်ပြီး ဝင်လာတယ်၊  ကား ၂ စီးဟာ သူတို့ကိုလာကြိုမယ့်ကားလို့ သိထား တာကြောင့် ရောက်လာကြတယ်၊ အနီးရောက်တော့ တာဝန်ရှိသူတွေနဲ့ပါတိုးပြီး စစ်ဆေး ခံလိုက်ရတယ်လို့ ဆိုပါတယ်။ 

ဖမ်းဆီးခံရသူတွေဟာ မြန်မာပြည်ကနေ တရားမဝင်ဝင်လာတဲ့ ရိုဟင်ဂျာ အမျိုးသား ၇ ယောက်နဲ့ အမျိုးသမီး ၆ ယောက် စုစုပေါင်း ၁၃ ယောက်ဖြစ်ပြီး ဘာအထောက် အထားမှမရှိဘူးတာကြောင့် တာဝန်ရှိသူတွေက သူတို့  ၁၃ ယောက်နဲ့  ထိုင်းလမ်းပြ ကားသမား ၂ ယောက်ကို လဝကဥပဒေနဲ့ အရေးယူဖို့ ဖုပ်ဖရနယ်မြေရဲစခန်းကို ခေါ်သွားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 

Source:  AEC ThaiNews

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013