DVB Logo
Home
မြန်မာသတင်း
၃ လအတွင်း တိုက်ပွဲများကြောင့် ပြည်သူ ၁၀၀၀ ကျော် သေဆုံး၊ ၁၃၀၀ ကျော်ဒဏ်ရာရ
DVB
·
October 23, 2024
၃ လအတွင်း တိုက်ပွဲများကြောင့် ပြည်သူ ၁၀၀၀ ကျော် သေဆုံး၊ ၁၃၀၀ ကျော်ဒဏ်ရာရ
Donate to DVB

မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ်၊ တတိယ ၃ လတာကာလအတွင်း တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု များပြားလာခဲ့ပြီး သေဆုံးသူ အနည်းဆုံး ၁,၀၄၄ ဦးထိ ရှိလာခဲ့ကာ  ထိခိုက်ဒဏ်ရာရသူ အနည်းဆုံး ၁,၃၈၃ ဦး ရှိခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်း တခုဖြစ်တဲ့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၂ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း စစ်ဆင်ရေးတွေနဲ့ တိုက်ပွဲဖော်ဆောင်မှု အကြိမ်ရေ စုစုပေါင်း ၂,၁၂၆ ကြိမ်ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာတော့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေဘက်ကနေ စစ်ကောင်စီကို ပစ်မှတ်ထား တိုက်ခိုက်မှု အကြိမ်ရေ ၂,၀၀၀ ကျော်အထိ ပါဝင်နေပြီး ၃ လတာကာလအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဒေသမရှိကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် အဆိုပါ ကာလတွေအတွင်း တော်လှန်ရေးအင်အားစုတွေအနေနဲ့ မြို့ပေါင်း ၁၂ မြို့ကို ကချင်၊ ရှမ်း(မြောက်)၊ မန္တလေးနဲ့ ရခိုင်စစ်မျက်နှာတွေမှာ သိမ်းယူနိုင်ခဲ့တယ်လို့ ဆို ပါတယ်။ စစ်ရေးလှုပ်ရှားမှုအများဆုံး ဒေသ ၄ ခုကတော့ ရှမ်း (မြောက်)၊ မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးဒေသတွေ ဖြစ်ပြီး ရှမ်း (မြောက်) ဒေသမှာတော့ ၁၀၂၇ စစ်ဆင်ရေး (အပိုင်း-၂) စစ် ဆင်ရေးကြောင့် တိုင်းစစ်ဌာနချုပ် ကျရှုံးပြီး တိုက်ပွဲဖြစ်ပွားမှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့တာကို တွေ့ရှိရတယ်လို့  ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013