DVB Logo
Home
နိုင်ငံတကာ
အမေရိကန်ဒါရိုက်တာ တင်မ်ဘာတန်၏ အနုပညာလက်ရာများ လန်ဒန်တွင် ပြသမည်
DVB
·
October 22, 2024
အမေရိကန်ဒါရိုက်တာ တင်မ်ဘာတန်၏ အနုပညာလက်ရာများ လန်ဒန်တွင် ပြသမည်
Donate to DVB

Wednesday ရုပ်သံစီးရီး၊ The Nightmare Before Christmas ရုပ်ရှင် စတဲ့ ဇာတ်ကားတွေနဲ့ နာမည်ကျော်တဲ့ အမေရိကန်ဒါရိုက်တာ တင်မ်ဘာတန်ရဲ့ ရုပ်ရှင်အိုင်ဒီယာတွေ၊ အနုပညာ လက်ရာတွေကို လန်ဒန်မှာ အောက်တိုဘာ ၂၅ ရက်က စတင်ပြသသွားမှာ ဖြစ်ပါတယ်။

“Edward Scissorhands” နဲ့ “Wednesday” ဇာတ်လမ်းထဲက ဝတ်စုံတွေ၊ “Beetlejuice” နဲ့ “Corpse Bride” ခဲခြစ်ကောက်ကြောင်း အပါအဝင် ဘာတန်ရဲ့ ငယ်ဘဝတုန်းက ရေးခဲ့တဲ့ ပုံကားချပ်တွေကနေ နောက်ဆုံးထုတ်ဇာတ်လမ်းတွေထဲက ပစ္စည်းတွေအထိ ပြသမှာ ဖြစ်ပါတယ်။

“တင်မ်ဘာတန်ရဲ့ ကမ္ဘာ” လို့ နာမည်ပေးထားတဲ့ ပြပွဲကို လန်ဒန်ဒီဇိုင်းပြတိုက်မှာ ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်။

ဒီပြပွဲမှာ ဘာတန်ရဲ့ ဘဝတလျှောက် ရေးဆွဲခဲ့တဲ့ မူရင်းပုံကြမ်းတွေအပြင် သူနဲ့ ရေရှည်လက်တွဲခဲ့တဲ့ ဝတ်စုံဒီဇိုင်နာတွေရဲ့ ဒီဇိုင်းတွေကိုပါ မြင်တွေ့ခွင့်ရမှာ ဖြစ်ပါတယ်။

လန်ဒန်က ဒီဇိုင်းပြတိုက်မှာတော့ ၂၀၂၅ ခုနှစ် ဧပြီ ၂၁ ရက်အထိ ပြသထားမှာဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013