DVB Logo
Home
နိုင်ငံတကာ
အစ္စရေးက ဟစ်ဇ်ဘိုလာကို ဆက်လက်တိုက်ခိုက်၊ ဆီးရီးယား၌ ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရပြီး လူ ၂ ဦး ထက်မနည်း သေဆုံး
DVB
·
October 22, 2024
အစ္စရေးက ဟစ်ဇ်ဘိုလာကို ဆက်လက်တိုက်ခိုက်၊ ဆီးရီးယား၌ ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရပြီး လူ ၂ ဦး ထက်မနည်း သေဆုံး
Donate to DVB

လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာအဖွဲ့ကို အစ္စရေးက ဆက်လက်ထိုးစစ်ဆင်နေချိန် မြို့တော် ဘေရွတ်မှာ အောက်တိုဘာ ၂၂ ရက် မနက်ပိုင်းက ပေါက်ကွဲမှုတခု ဖြစ်ခဲ့ပါတယ်။

မိုးမလင်းမီ ပေါက်ကွဲမှုကြောင့် မီးပွားတွေ လေထဲပျံတက်သွားပြီး အနက်ရောင် မီးခိုးလုံးတွေ ထွက်လာခဲ့ပါတယ်။

အစ္စရေးက ဘေရွတ်မြို့တော်ရဲ့ အဓိက အစိုးရဆေးရုံဖြစ်တဲ့ ရာဖစ်ခ် ဟာရီရီ တက္ကသိုလ်ဆေးရုံအနီးတဝိုက် အပါအဝင် အောက်တိုဘာ ၂၁ ရက်မှာ ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးနေရာ အများအပြားကို တိုက်ခိုက်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ကလေး တယောက် အပါအဝင် လူ ၄ ယောက် သေဆုံးပြီး ၂၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲဖို့ ဟစ်ဇ်ဘိုလာက သုံးနေတယ်လို့ အမေရိကန်က ပြောထားပြီး လက်ဘနွန်တဝန်းမှာ ဆိုင်ခွဲပေါင်း ၃၀ ကျော်ရှိတဲ့ အယ်လ် ကာ့ဒ် အယ်လ် ဟတ်ဆန် အသင်းကို ပစ်မှတ်ထားနေတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

ဟစ်ဇ်ဘိုလာအဖွဲ့ကရော လက်ဘနွန်အစိုးရကပါ တုံ့ပြန်ချက်ကို ချက်ချင်း မထုတ်ပြန်သေးပါဘူး။

အလားတူ ဆီးရီးယားနိုင်ငံ မြို့တော်ဒမတ်စကတ်က မက်ဇာဒေသမှာရှိတဲ့ ကားတစီးကို အောက်တိုဘာ ၂၁ ရက်က ပဲ့ထိန်းဒုံးကျည်နဲ့ တိုက်ခိုက်ခံရလို့ လူ ၂ ယောက်ထက်မနည်း သေဆုံးပြီး ၃ ယောက် ဒဏ်ရာရတယ်လို့ ဆီးရီးယားစစ်တပ် သတင်းရင်းမြစ်ကို ကိုးကားပြီး ဆီးရီးယား အစိုးရရုပ်သံက ပြောပါတယ်။

ဆီးရီးယားနိုင်ငံ မြို့တော် အလယ်ပိုင်းက အဆင့်မြင့် အဆောက်အအုံတခုဖြစ်တဲ့ ဂိုးလ်ဒန်း မက်ဇာ ဟိုတယ်အနားက အရှေ့ပိုင်းအဝိုင်းနားမှာ တိုက်ခိုက်မှု ဖြစ်ခဲ့တာလို့ နိုင်ငံပိုင်မီဒီယာက ပြောပါတယ်။

ဒီတိုက်ခိုက်မှုက အစ္စရေးနဲ့ ပတ်သက်တယ်လို့ သတင်းရင်းမြစ်က ပြောပေမဲ့ အစ္စရေးစစ်တပ်ကတော့ ချက်ချင်း မှတ်ချက်မပေးခဲ့ပါဘူး။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013