DVB Logo
Home
မြန်မာသတင်း
မရမ်းကုန်းတွင် ပုံနှိပ်တိုက်နေအိမ် မီးလောင်
DVB
·
October 22, 2024
မရမ်းကုန်းတွင် ပုံနှိပ်တိုက်နေအိမ် မီးလောင်
Donate to DVB

ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ ဓနသိဒ္ဓိလမ်းရှိ ပုံနှိပ်စက်လုပ်ငန်း လုပ်ကိုင်တဲ့ လူနေ ၂ ထပ်အိမ်မှာ အောက်တိုဘာ ၂၂ ရက် မနက် ၆ နာရီလောက်က မီးလောင်ခဲ့တာကြောင့်  နေအိမ်နဲ့ အတွင်းပစ္စည်း၊ ဆိုင်သုံးပစ္စည်းတွေ အားလုံးပျက်စီးဆုံးရှုံးသွားပါတယ်။

မီးလောင်တဲ့နေရာကို သမိုင်း၊ ရန်ကင်း၊ မရမ်းကုန်းမီးသတ်တို့က မီးသတ်ကား ၅ စီးနဲ့ လာရောက် ငြှိမ်းသတ်ခဲ့ပေမဲ့ လောင်စာအားကောင်းနေတာကြောင့် မနက် ၆ နာရီ ၁၂ မိနစ်လောက်မှာ Level 1 ဆင့်ခေါ်အပြီး ၅ မိနစ်အကြာမှာပဲ Level 2 ယာဉ်အုပ်စုတွေ ဆင့်ခေါ်ခဲ့ရကာ မီးသတ်ယာဉ် အစီး ၂၀ ကျော်နဲ့ အရပ်ဘက်အသင်း ၁၀ သင်းကျော် ‌လာရောက်ငြှိမ်းသတ်ခဲ့တယ်လို့ မြန်မာမီးသတ်တပ်ဖွဲ့ကနေသိရပါတယ်။

မြို့ခံလူမှုကူညီရေးအသင်းဝင် တယောက်က “ဘာလို့လောင်တာလဲတော့ တာဝန်ရှိသူတွေ စစ်နေပါတယ်။ ဒီနားကလူတွေကတော့ မီးကြိုးတွေကနေ မီးထတောက်ပြီး လောင်တာလို့ ပြောတယ်။ နှစ်ထပ် တိုက်အိမ်ကို အတွင်းရော အပြင်ရော အကုန်လောင်သွားတာ။ လူထိခိုက်မှုတော့ မတွေ့ရဘူး။ လူနေအိမ်တွေ စိပ်တယ်။ ဘေးကလည်း အထပ်မြင့်တိုက်တွေမို့လို့ မကူးတော့တာ။ offset ( ပုံနှိပ်လုပ်ငန်း)လုပ်တဲ့ အိမ်လို့ ပြောတယ်။ မီးတောက်ကတော့ မြင်တဲ့အတိုင်းပါပဲ”လို့ ပြောပါတယ်။

မျက်မြင်တွေ့မြင်သူတွေရဲ့ ပြောပြချက်အရ မနက်အစောပိုင်းကတည်းက အိမ်အရှေ့နေရာကနေ မီးတောက်တွေ စတင် တွေ့ရှိတာလို့ သိရပြီး မီးလောင်မှုကြောင့် ခန့်မှန်း ပေ ၄၀ × ပေ ၆၀ အကျယ်ရှိ နှစ်ထပ်အုတ်တိုက်နဲ့ အတွင်းပစ္စည်း၊ ဆိုင်သုံးပစ္စည်းတွေ အားလုံးပျက်စီးသွားပါတယ်။

မနက် ၆ နာရီ ၂၇ မိနစ်လောက်မှာ မီးထိန်းနိုင်၊ မနက် ၆ နာရီ၃၅ မိနစ်လောက်မှာ မီးငြိမ်းသွားခဲ့ပြီး ပျက်စီးမှုတန်ဖိုး အသေးစိတ်နဲ့ မီးလောင်ရတဲ့အကြောင်းအရင်းကို သက်ဆိုင်ရာ မြို့နယ်မီးသတ်က စစ်ဆေးတွက်ချက်နေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013