DVB Logo
Home
နိုင်ငံတကာ
ရုရှားနှင့်စစ်ဖြစ်ခဲ့သည့်အပေါ် ယူကရိန်းသမ္မတကို ဒေါ်နယ်ထရမ့်ပ် ဝေဖန်
DVB
·
October 18, 2024
ရုရှားနှင့်စစ်ဖြစ်ခဲ့သည့်အပေါ် ယူကရိန်းသမ္မတကို ဒေါ်နယ်ထရမ့်ပ် ဝေဖန်
Donate to DVB

ရုရှားတွေ ယူကရိန်းကို ကျူးကျော်စစ်စတင်ခဲ့ချိန်မှာ အပစ်အခတ်ရပ်စဲရေးအတွက် ကြိုးစားရမယ့်အစား စစ်ပွဲဖြစ်မြောက်အောင် အကူအညီပေးခဲ့တယ်လို့လည်း ဇလန်းစကီးကို ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်က ဝေဖန်လိုက်ပါတယ်။

စစ်ပွဲကြောင့် အဲဒီနေရာကလူတွေ ဒုက္ခတွေနဲ့ ရင်ဆိုင်နေရလို့ စစ်ပွဲကို ဘယ်တော့မှာ မစသင့်ဘူး၊  စစ်ပွဲဟာ အရှုံးတွေပဲလို့လည်း  ထရမ့်ပ်က ပြောပါတယ်။

ထရမ့်ပ်ရဲ့ မှတ်ချက်နဲ့ပတ်သက်ပြီး အမေရိကန်ရွေးကောက်ပွဲမှာ ထရမ့်ပ် အနိုင်ရခဲ့ပါက ယူကရိန်းအပေါ် အမေရိကန်ရဲ့သဘောထား ပြောင်းလဲဖွယ်ရှိတယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေလည်း ထွက်နေပါတယ်။

ထရမ့်ပ်က ဇလန်းစကီးကို ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး အရောင်းသမားလို့ ခေါ်ဝေါ်ခဲ့ပြီး ဝေဖန်ခဲ့တာပါ။

ယူကရိန်း-ရုရှား စစ်စတင်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက အမေရိကန်ရဲ့ ဒေါ်လာဘီလီယံနဲ့ချီပြီး အကူအညီရဖို့ ဇလန်းစကီးက တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တာကို ရည်ညွှန်းတာပဲဖြစ်ပါတယ်။

ဒါ့အပြင် ထရမ့်ပ်က ဇလန်းစကီးဟာ ရုရှားနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု မပြုလုပ်ခဲ့တာကိုလည်း ပြစ်တင်ဝေဖန်ခဲ့ပါသေးတယ်။

ယူကရိန်းအနေနဲ့ နိုင်ငံပိုင်မြေအများစုကို စာချုပ်နဲ့ ရုရှားကို ပေးအပ်ခြင်းကလည်း ငြိမ်းချမ်းရေး သဘောတူညီမှု ဖြစ်စေတယ်လို့ ဆိုပါတယ်။

ယူကရိန်းကတော့ ဒီလို သဘောတူစာချုပ်နဲ့ ရုရှားကို မြေပိုင်ဆိုင်မှု ခွဲပေးခြင်းကို လုံးဝလက်မခံခဲ့တာ တွေ့ရပါတယ်။

ထရမ့်ပ်က နိုဝင်ဘာ ၅ ရက်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ အနိုင်ရမယ်ဆိုရင် ယူကရိန်းအရေးကို သမ္မတာဝန်ယူမယ့် ဇန်နဝါရီမတိုင်မီ အဆုံးသတ်ဖွယ် ရှိပါတယ်။

ဒီမိုကရက်တစ်သမ္မတလောင်း ကမ်မလာဟားရစ်ကတော့ ယူကရိန်းကို ဆက်ပြီး ပံ့ပိုးမှု ပြုလုပ်ဖွယ် ရှိပါတယ်။ ဒါ့ကြောင့် ယူကရိန်းအတွက် အမေရိကန်ရဲ့‌ ထောက်ပံ့မှုက သမ္မတ အပြောင်းအလဲပေါ်မှာလည်း မူတည်နေပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013