DVB Logo
Home
မြန်မာသတင်း
PNO ပြည်သူ့စစ်က ဆီဆိုင်‌ဒေသခံများကို နေ့စဉ်ထမင်းချက်ပို့ခိုင်းသဖြင့် ရွာသားများ အခက်ကြုံ
DVB
·
October 18, 2024
PNO ပြည်သူ့စစ်က ဆီဆိုင်‌ဒေသခံများကို နေ့စဉ်ထမင်းချက်ပို့ခိုင်းသဖြင့် ရွာသားများ အခက်ကြုံ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ကောင်မူးဗွာရွာ၊ ထီမန်းရွာဒေသခံတွေက PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေအတွက် ထမင်းနေ့စဉ်ချက်ပို့နေရတဲ့အတွက် အခက်အခဲ ဖြစ်လာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇွန်လကတည်းက စတင်ပို့ရတာဖြစ်ပြီး ၅ လနီးပါးအကြာ ဒီနေ့ အောက်တိုဘာ ၁၈ ရက်အထိ ပို့နေရဆဲဖြစ်ကာ အချိန်ကြာလာတော့ ရွာသားတွေ အခက်အခဲပိုပိုဖြစ်လာပြီး ဝန်ပိုပိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “ထမင်းပို့တဲ့တာဝန်က ထီမန်းရွာနဲ့ ကောင်မူးဗွာရွာက အလှည့်ကျ ရပ်ကွက် ၁၊ ၂၊ ၃၊ ၄၊ ၅ အလိုက် သတ်မှတ်ပြီး ဝိုင်းချက်ရတယ်။ တရက်ကို ဆန် ၃ ပုံး (တပုံး ၂၄ ပြည်) စုစုပေါင်း ဆန် ၇၂ ပြည် ချက်ပေးပြီး ပို့ပေးရတယ်။ သုံးနပ်စာ ပို့ပေးရတယ်။ ပို့တဲ့သုံးနပ်မှာ ဟင်းကောင်းတနပ် ပါရတယ်။ သူတို့တပ်စွဲနေတဲ့ လွယ်တဖြီးတောင်ခြေအထိ ရွာသားက ပို့ပေးရတယ်။ ခုက ကုန်စျေးနှုန်းလည်းကြီးတော့ အခက်အခဲ အရမ်းဖြစ်တယ်” လို့ ပြောပါတယ်။

PNO စစ်သားတွေအတွက် ချက်တဲ့ ဆန်တွေဟာ ရွာသားတွေ စုပေါင်းစုဆောင်းထားတဲ့ ဘုံဆန်ကို အသုံးပြုရပြီး ဟင်းဖိုးကို တပတ်စာအတွက် တအိမ် ၅,၀၀၀ အပတ်တိုင်း ထည့်ပေးရတယ်လို့ ပြောပါတယ်။

နောက်ဒေသခံတယောက်က “ပွဲရှိတာပဲဖြစ်ဖြစ် အရေးပေါ်လိုအပ်တာပဲဖြစ်ဖြစ် ရွာသားတွေ စုထားတဲ့ဆန်ကို သုံးပြီး PNO တွေအတွက် ချက်ပေးရတယ်။ လနဲ့ချီကြာနေပြီ၊ ၅ ရက်တခေါက် ၅ ရက်တခေါက် အလှည့်ကျက ပြန်ပြန်ရောက်လာတယ်။ အလုပ်လည်းပျက်ရတယ်။ ရွာသားတွေ အရမ်းခက်ခဲနေကြရတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ဆီဆိုင်မြို့နယ် ထီတမ်၊ ထမ်းယမ်၊ နားခိုက်ရွာမှာလည်း စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အတွက် ထမင်းနေ့စဉ်ပို့နေရတာဟာ ၈ လနီးပါးရှိပြီလို့ ပြောပါတယ်။

ဇူလိုင် ၇ ရက်မှာလည်း ထမ်းယမ်ရွာသားပို့ပေးတဲ့ ထမင်းထုပ် ၅၀၀ ကို ဟင်းမကောင်းလို့ဆိုပြီး စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တို့က မစားဘဲ ကန်ထုတ်လို့ ရွာလယ်မှာ ထမင်းစေ့တွေ ပြန့်ကြဲခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013