DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့အစာငတ်မွတ်မှု အညွှန်းကိန်းတွင် မြန်မာ အဆင့် ၇၄ ရပ်တည်
DVB
·
October 18, 2024
ကမ္ဘာ့အစာငတ်မွတ်မှု အညွှန်းကိန်းတွင် မြန်မာ အဆင့် ၇၄ ရပ်တည်
Donate to DVB

စစ်အာဏာသိမ်းမှုတွေနဲ့ ကျရှုံးနိုင်ငံအဆင့်ကို ဦးတည်နေတဲ့ မြန်မာနိုင်ငံက နိုင်ငံပေါင်း ၁၂၇ နိုင်ငံထဲမှာ ကမ္ဘာ့ငတ်မွတ်မှုအညွှန်းကိန်း Global Hunger Index (GHI) အဆင့် ၇၄ မှာ ရှိနေတယ်လို့ သိရပါတယ်။

ဒီအညွှန်းကိန်းကိုတော့ ဥရောပအခြေစိုက် အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းတွေဖြစ်တဲ့ Concern Worldwide နဲ့ Welthungerhilfe တို့ကနေ ကမ္ဘာတဝန်း ငတ်မွတ်ခေါင်းပါးမှုကို တိုင်းတာ ခြေရာခံဖို့ ဒေတာအချက်အလက်တွေ တွက်ချက်ပြီးတော့ နှစ်စဉ် အောက်တိုဘာလမှာ ထုတ်ပြန်တာ ဖြစ်ပါတယ်။

Global Hunger Index (GHI) က တွက်ချက်ထားတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံကတော့ ရမှတ် ၁၅ ဒသမ ၇ မှတ်နဲ့ အလယ်အလတ် ငတ်မွတ်မှုအဆင့်မှာ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတခုချင်းစီရဲ့ ငတ်မွတ်မှု အညွှန်းကိန်းကို ထုတ်ပြန်ရာမှာ အာဟာရချို့တဲ့တဲ့ လူဦးရေ ရာခိုင်နှုန်း၊ အသက် ၅ နှစ်အောက် ကလေးသူငယ်တွေရဲ့ အရွယ်အလိုက် အာဟာရ မပြည့်ဝလို့ ပုညှက်တဲ့ ရာခိုင်နှုန်း၊ အဆုံးအရှုံးရာခိုင်နှုန်းနဲ့ သေဆုံးတဲ့ ရာခိုင်နှုန်းတွေအလိုက် အခြေခံတွက်ချက်ထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ လူဦးရေရဲ့  ၅ ဒသမ ၃ ရာခိုင်နှုန်း အာဟာရချို့တဲ့နေတာကို တွေ့ရှိရပြီး အသက် ၅ နှစ်အောက် ကလေးသူငယ်တွေရဲ့  ၂၅ ဒသမ ၂ ရာခိုင်နှုန်းဟာ လုံလောက်တဲ့ အာဟာရ အပြည့်အဝ မရရှိတာကြောင့် ပုညှက်နေတာ၊ ၆ ဒသမ ၆ ရာခိုင်နှုန်းက ဆုံးရှုံးရတာ၊ သေဆုံးနှုန်းက ၄ ရာခိုင်နှုန်းထိ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာတော့ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံက ရမှတ် ၁၀ ဒသမ ၁ နဲ့ ကမ္ဘာ့ငတ်မွတ်မှု အညွှန်းကိန်းအဆင့် ၅၂၊ ဗီယက်နမ်က ရမှတ် ၁၁ ဒသမ ၃ နဲ့ အဆင့် ၅၆၊ မလေးရှားက ရမှတ် ၁၂ ဒသမ ၇ မှတ်နဲ့ အဆင့် ၆၁၊ ဖိလစ်ပိုင်က ရမှတ် ၁၄ ဒသမ ၄ မှတ်နဲ့ အဆင့် ၆၇၊ ကမ္ဘောဒီးယားက ရမှတ် ၁၄ ဒသမ ၇ မှတ်နဲ့ အဆင့် ၆၈၊ အင်ဒိုနီးရှားက  ရမှတ် ၁၆ ဒသမ ၉ နဲ့ အဆင့် ၇၇၊ လာအိုက ရမှတ် ၁၉ ဒသမ ၈ နဲ့ အဆင့် ၈၇၊ တီမောက ရမှတ် ၂၇ နဲ့ အဆင့် ၁၀၄ နေရာတွေမှာ အသီးသီး ရှိနေတာပါ။

ခုနောက်ဆုံးထုတ်ပြန်တဲ့ အညွှန်းကိန်းအရ ၂၀၁၆ ခုနှစ်ကတည်းက ငတ်မွတ်ခေါင်းပါးမှုကို လျှော့ချရာမှာ တိုးတက်မှု အနည်းငယ်သာ ရှိခဲ့ပြီး ၂၀၃၀ ပြည့်နှစ် ရောက်တဲ့အခါ ကမ္ဘာတဝန်း ငတ်မွတ်မှု လုံးဝမရှိစေဖို့ အလားအလာက ဆိုးရွားနေပြီး နိုင်ငံပေါင်း ၄၂ နိုင်ငံဟာ ထိတ်လန့်ဖွယ်ရာ၊ ဒါမှမဟုတ် ပြင်းထန်တဲ့ ငတ်မွတ်မှုတွေနဲ့ ကြုံတွေ့နေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆိုမာလီယာ၊ ယီမင်၊ ချဒ်နဲ့ မဒါဂတ်စကာတို့ဟာ အခုနှစ် ၂၀၂၄ ခုနှစ်အတွက် ငတ်မွတ်မှု အညွှန်းကိန်းအရ ရမှတ်အမြင့်ဆုံးနိုင်ငံတွေ ဖြစ်နေပြီးတော့ ဘူရွန်ဒီနဲ့ တောင်ဆူဒန်တို့ကိုလည်း စိုးရိမ်စရာအဖြစ် ယာယီသတ်မှတ်ထားတာပါ။

အညွှန်းကိန်းအရ စိန်ခေါ်မှုတွေ ရှိနေသေးပေမဲ့ ဘင်္ဂလားဒေ့ရှ်၊ မိုဇမ်ဘစ်၊ နီပေါ၊ ဆိုမာလီယာနဲ့ တိုဂိုနိုင်ငံတွေမှာ ထင်ရှားတဲ့ တိုးတက်မှုတွေကိုလည်း အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

တကမ္ဘာလုံး အတိုင်းအတာနဲ့ကတော့ ကမ္ဘာ့ငတ်မွတ်မှုအညွှန်းကိန်း Global Hunger Index (GHI) အဆင့်မှာ ရမှတ် ၁၈ ဒသမ ၃ ရှိနေပြီးတော့ ဒါဟာ အလယ်အလတ် အခြေအနေလို့  ယူဆရမှာဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက ရမှတ် ၁၈ ဒသမ ၈  ထက် အနည်းငယ်သာ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

Source-Nation

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013