DVB Logo
Home
မြန်မာသတင်း
ပန်ဝါနှင့် ကံပိုင်တည်ရှိ နယ်ခြားစောင့်တပ်စခန်းအချို့ကို KIA ပူးပေါင်းတပ် သိမ်းပိုက်
DVB
·
October 18, 2024
ပန်ဝါနှင့် ကံပိုင်တည်ရှိ နယ်ခြားစောင့်တပ်စခန်းအချို့ကို KIA ပူးပေါင်းတပ် သိမ်းပိုက်
1 / 4
Donate to DVB

ကချင်ပြည်နယ်၊ အထူးဒေသ ၁ ပန်ဝါနဲ့ ကံပိုင်တည်ဘက်က နယ်ခြားစောင့်တပ်စခန်းတချို့ကို အောက်တိုဘာ ၁၇ ရက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ထပ်မံသိမ်းပိုက်လိုက်ကြောင်း KIA နဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

KIA နဲ့ နီးစပ်သူတယောက်က “ပန်ဝါနားက ချန်းယင်းခူး စခန်းတခုနဲ့ ကံပိုင်တည်ဘက်က စခန်းတခု အောက်တိုဘာ ၁၇ ရက်နေ့ မနက် ၁၀ နာရီလောက်က သိမ်းနိုင်တာ” လို့ ပြောပါတယ်။

ပန်ဝါမြို့နဲ့ ၃ မိုင်ခန့်အကွာက ကီးကျားပါက ချန်းယင်ခူး ဂိတ်စခန်းနဲ့ ကန်ပိုင်တည်လမ်းက လဖိုင်နဲ့ အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ကြားရှိ ဒွန်ဘန်ခတံတာ်စခန်းကို သိမ်းပြီးနောက် ကံပိုင်တည်၊ စင်ကြိုင်ရွာ အခြေစိုက် အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရဲ့ ကာကင်းစခန်း ၃ ခုကိုလည်း ထပ်ပြီး သိမ်းလိုက်တာလို့ ဆိုပါတယ်။

ပန်ဝါနဲ့ စင်ကြိုင်ကြားရှိ ဖြတ်လမ်းပေါ်က အူရာရွာနဲ့ စင်ကြိုင်ရွာ အနီးဝန်းကျင်မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေက တိုက်ပွဲဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “တရုတ်ဘက်က စစ်ရှောင်တွေ နယ်စပ်စည်းရိုး လာမကပ်နိုင်အောင် ကာနေတာ။ ကံပိုင်တည်နယ်စပ်ဂိတ်နဲ့ ပန်ဝါနယ်စပ်ဂိတ်တွေမှာ စစ်ရှောင်တွေ စုပြုံနေကြတယ်။ တရုတ်ဘက်က ပေးမဝင်လို့ ခက်နေကြတာ” လို့ ပြောပါတယ်။

အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်စခန်းရှိရာ ကံပိုင်တည်ဘက်မှာတော့ အောက်တိုဘာ ၁၇ ရက် မနက် ၈ နာရီခန့်ကစ တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးတွေ ပစ်ခတ်လာလို့ ကံပိုင်တည်အနီးဘက်က စင်ကြိုင်ကပြည်သူတွေ ထပ်ပြီးစစ်ရှောင်ကြရတာလို့ ဆိုပါတယ်။

ချန်းယင်းခူးဘက်က တိုက်ပွဲမှာတော့ KIA အရာရှိတယောက် အပါအဝင် ၃ ယောက်ကျပြီး စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း ကျသူတွေရှိကာ ပန်ဝါဘက်မှာတော့ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပန်ဝါအောက်က နယ်စပ် အဝင်အထွက်ဂိတ်ငယ်မှာ ရောက်နေပြီလို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

လက်ရှိမှာ ပန်ဝါဘက် စစ်မျက်နှာမူနေပြီး လုပီမှာ သိမ်းပိုက်ရရှိထားတဲ့ ဒရုန်း ၆ စီးကိုလည်း ထိုးစစ်မှာ ပြန်အသုံးပြုသွားဖို့ ရှိတယ်လို့ သိရပြီး ပန်ဝါ စစ်ကောင်စီ ဗျူဟာစခန်းက တရုတ်နယ်စပ်နဲ့ တမိုင်လောက်ပဲ ဝေးတာကြောင့် တိုက်ပွဲ ပြင်းပြင်းထန်ထန်တော့ မရှိနိုင်ဘူး၊ ထောက်ပို့လမ်းကြောင်းတွေ အပါအဝင် မြို့ကို ပိတ်ဆို့ထားဖို့ အခြေအနေ တွေ့ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက် နေ့လယ် ၁၂ နာရီ ၄၀ မိနစ်ခန့်မှာ ပန်ဝါမြို့အနီး လုပီရွာ အခြေစိုက် အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ် (BGF) ဌာနချုပ်ကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က အပြီးသတ် သိမ်းပိုက်လိုက်တာဖြစ်ပြီး အောက်တိုဘာ ၂ ရက် မနက်က ဆော့လော်မြို့၊ စက်တင်ဘာ ၂၉ ရက်က ချီဖွေမြို့နဲ့ စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ် ပူးပေါင်းတပ်စခန်းတချို့ကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013