DVB Logo
Home
မြန်မာသတင်း
ရဲဒုဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးကို တာဝန်မှ အနားပေး၊ ရဲချုပ်အသစ်ခန့်
DVB
·
April 10, 2026
ရဲဒုဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး။ (Photo : MRTV)
ရဲဒုဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး။ (Photo : MRTV)
Donate to DVB

စစ်အာဏာရှင် အစိုးရသစ်ပြန်လည်ဖွဲ့စည်းချီန်မှာ ကျားဖြန့်ကိစွတွေကြောင့် စစ်ဆေးခံနေရတဲ့ ရဲချုပ် ရဲဒုဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးကို တာဝန်ကအနားပေးပြီး သူရဲ့နေရာမှာ အမှတ် ၄ စစ်ဆင်ရေး အထူးတပ်ဖွဲ့မှူး ဗိုလ်ချုပ်စိုးလှိုင်ကို ခန့်လိုက်ပါတယ်။

ကျားဖြန့်ကိစ္စ နဲ့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ရဲ့ ဝန်ခံချက်အရ ရဲချုပ်ဝင်းဇော်မိုးလည်း ကျားဖြန့်ကိစွမှာ ပါဝင်ပတ်သတ်နေတာကြောင့် ဧပြီ ၃ ရက်မှာ တာဝန်ကနေ အနားပေးလိုက်တာလို့ နေပြည်တော်သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“ထွန်းထွန်းနောင်က ရှမ်းမြောက်နဲ့ ရှမ်းတောင်က ကျားဖြန့်ကိစွတွေမှာ ဘယ်သူပါတယ်၊ ဘယ်သူတွေ ဘယ်လောက်ရသွားတယ်ဆိုတာ ဖော်ပြီးပြီ။ ဒါကြောင့် ရဲချုပ်ကို တာဝန်ကနေ အနားပေးလိုက်တာ။ အခြား ဗိုလ်ချုပ်တွေ၊ ဒုဗိုလ်ချုပ်ကြီးတွေလည်း အနားပေးခံရတယ်။” 

တာဝန်ကနေ အနားပေးခံရတဲ့ ရဲချုပ် ရဲဒုဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးကို စစ်အာဏာရှင် အစိုးရသစ် ပြန်လည်ဖွဲ့ရာမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှာ စစ်ခေါင်းဆောင်က ပြန်ခန့်ခဲ့ပါတယ်။

စစ်ရေးသတင်းအရင်းအမြစ်တယောက်က “ဗိုလ်ချုပ်စိုးလှိုင်က မတ်လကတည်းက ဒုဗိုလ်ချုပ်ကြီးအဆင့် ရာထူးတိုးပေးမလို့ နေပြည်တော်ကိုခေါ်ပြီး ကစထမှူး ၄ နေရာပေးထားတာ ရဲချုပ်ဖြစ်ပြီဆိုတော့ ရာထူးတိုးပေးမလားမသိဘူး” လို့ ရှင်းပြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာန ရဲချုပ်နေရာကို စစ်ခေါင်းဆောင်က အလိုမကျမှုတွေမှုရှိပြီး မကြာခဏ ပြောင်းလဲခဲ့ပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ရဲချုပ်မှာ ရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးဖြစ်ပြီး အာဏာသိမ်းပြီး တလအကြာမှာ ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်ကို ရဲချုပ်အဖြစ် ခန့်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ် မေ ၂ ရက်မှာ PDF တွေကို မနှိမ်နင်းနိုင်တဲ့အတွက် ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်ကို ရဲချုပ်နေရာက ဖယ်ရှားပြီး ဗိုလ်ချုပ် ဇင်မင်းထက်ကို စစ်ခေါင်းဆောင်က ခန့်ခဲ့ပါတယ်။

ဗိုလ်ချုပ်ဇင်မင်းထက်ကို ရဲချုပ်နေရာပေးခဲ့ပေမဲ့ ထူးခြားမလာတာကြောင့် ၂၀၂၃ ခုနှစ် ဇူလိုင် ၁ ရက်မှာ တာဝန်ကနေ အနားပေးပြီး အမှတ် ၂ စစ်ဆင်ရေးအထူးတပ်ဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး နီလင်းအောင်ကို ထပ်မံခန့်လိုက်ပါတယ်။

ဒုဗိုလ်ချုပ်ကြီးနီလင်းအောင် ရဲချုပ်တာဝန်ယူချိန်မှာ ၁၀၂၇ စစ်ဆင်ရေးဖြစ်လာတာကြောင့် ၂၀၂၄ ခု သြဂုတ် ၃ ရက်မှာ မူလစစ်ဘက်တာဝန်တွေကို ပြန်လည်ထမ်းဆောင်စေပြီး ရဲချုပ်နေရာကို ရဲဒုဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးကို ခန့်ခဲ့တာဖြစ်ပါတယ်။

NLD အစိုးရလက်ထက် ၂၀၁၃ ခုနှစ်ကနေ ၂၀၂၀ အထိ ရဲချုပ်တာဝန်ထမ်းဆောင်သူတွေမှာ ရဲချုပ်ဇော်ဝင်း နဲ့ ရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦးတို့ဖြစ်ပါတယ်။ 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013