DVB Logo
Home
မြန်မာသတင်း

အမှုလာတိုင်ကြားပါက အမှုဖွင့်မပေးသည့် ရဲစခန်းကို အရေးယူမည်ဟု ရဲချုပ်ညွှန်ကြား

DVB
·
November 17, 2026
Photo: Sitt Naing Oo 
Photo: Sitt Naing Oo 
Donate to DVB

ပြည်သူတွေ အမှုလာရောက်တိုင်ကြားတဲ့အခါ အမှုမပေးတဲ့ ရဲစခန်းတွေကို အရေးယူသွားမယ်လို့  စစ်အာဏာရှင်လက်အောက်ခံ ရဲချုပ်ဒုဗိုလ်ချုပ်ကြီးစိုးလှိုင်က ညွှန်ကြားလိုက် ပါတယ်။

စစ်အာဏာရှင် လက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၃ ရက်က ပြည်နယ်နဲ့ တိုင်းရဲတပ်ဖွဲ့မှူးရုံးတွေကို ညွှန်ကြားခဲ့တာဖြစ်ပြီး ပြည်နယ်နဲ့ တိုင်းကနေ ခရိုင်နဲ့ မြို့နယ်ရဲစခန်းတွေ ကို ဆက်လက်ညွှန်ကြားတာလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတယောက်က  ပြောပါတယ်။

"စမ်းချောင်းမှာ လုံခြုံရေး ရဲတပ်ရင်းက ဒုရဲအုပ်အိမ်ကို လူမိုက်တွေသိမ်းသွားတဲ့ကိစ္စ လိုင်းပေါ် တက်လာပြီး အဲ့ညွှန်ကြားချက်ထွက်လာတာ အမှန်ဆို စမ်းချောင်းရဲစခန်းမှာ ဖြစ်တဲ့ကိစ္စ အဲဒီစခန်း ကို ခေါ်စစ်ရမှာ။”

သာကေတမြို့နယ်မှာ လုယက်မှု၊ မူးယစ်ဆေးဝါးနဲ့ စစ်မှုထမ်းပေါ်တာဆွဲမှုတွေအတွက် ရဲစခန်းကို ပြည်သူတွေက မကြာခဏတိုင်ကြားပေးမဲ့ အမှုဖွင့်ပေးတာမရှိဘူးလို့ မြို့ခံတယောက်က ပြောပါတယ်။

"သာကေတမှာ စစ်တပ်နဲ့ ရဲဟန်ဆောင်ပြီးပေါ်တာဆွဲတာရှိတယ်။  မူးယစ်ဆေးဝါးတွေ ပေါ်တင် ရောင်းတယ်။  လုယက်တဲ့သူတွေရပ်ကွက်ထဲနေတယ်။ သိတဲ့သူက ရဲစခန်းသွားတိုင်၊ ရဲတွေက အမှု မဖွင့်ပေးဘူး။ ဘာလို့မဖွင့်ပေးလဲဆိုတော့ သူတို့က အဲ့ဒီလူတွေနဲ့ပေါင်းစားနေတာ။"

နိုဝင်ဘာ ၇ ရက်က  စမ်းချောင်း၊ ဘူတာရပ်ကွက်၊ ဟုမ်းလမ်းမှာနေတဲ ဒုရဲအုပ်တယောက်ဟာ  အမှတ် ၂၈ လုံခြုံရေးရဲတပ်ရင်းနဲ့ စစ်ဆင်ရေးထွက်နေချိန် စမ်းချောင်းလူမိုက်တင်အေးနဲ့ နိုင်ဝင်းတို့ က နေအိမ်ကို သိမ်းဆည်းသွားတဲ့အတွက် လူမှုကွန်ရက်ပေါ်မှာ အကူအညီတောင်းတဲ့ ရုပ်သံဖိုင် ပျံ့နှံ လာပြီးနောက် ညွှန်ကြားချက်ထွက်လာတာပါ။

အဆိုပါညွှန်ကြားချက်မှာ အောက်တိုဘာ  ၁၄ ရက်က ပြည်ထဲရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ​ရဲချုပ်ပြောခဲ့တဲ့ ပြည်သူ့တိုင်ကြားချက်များကိုအမှုလက် ခံဖွင့်လှစ်ပေးဖို့ လေ့ကျင့်သား ပြည့်ဝပြီး အရည်အသွေးပြည့်မီစေရေးနဲ့ အဂတိကင်းရှင်းပြီး ပြည်သူ့ဝန်ဆောင်မှု ပေးရန် စတဲ့အချက် ၃ ချက်ကိုအခြေခံထားတာ ဖြစ်ပါတယ်။ 

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013