DVB Logo
Home
နိုင်ငံတကာ
အစ္စရေးလေကြောင်းရန်ကာကွယ်ရေးစနစ် စတင်အသက်ဝင်၊ ယီမင်ရှိ ဟူသီစခန်းကို အမေရိကန် တိုက်ခိုက်
DVB
·
October 17, 2024
အစ္စရေးလေကြောင်းရန်ကာကွယ်ရေးစနစ် စတင်အသက်ဝင်၊ ယီမင်ရှိ ဟူသီစခန်းကို အမေရိကန် တိုက်ခိုက်
Donate to DVB

အစ္စရေးလေကြောင်းရန်ကာကွယ်ရေးစနစ်တွေ အောက်တိုဘာ ၁၆ ရက် ညက အရေးပေါ် အသက်ဝင်ပြီး နိုင်ငံမြောက်ဘက်မှာ စတင်ပစ်ခတ်ခဲ့ပါတယ်။

အခင်းဖြစ်နေရာမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ စနစ်အသက်ဝင်ပြီး စက္ကန့် ၃၀ လောက် အကြာ မြေပြင်ပေါ်မှာ ပေါက်ကွဲသံတွေ ကြားရတဲ့အပြင် ဥသြသံတွေ ပဲ့တင်ထပ်နေတာကိုလည်း တွေ့ရပါတယ်။

ဗုဒ္ဓဟူးနေ့ကလည်း အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ဘနွန်တောင်ပိုင်းက အဓိကမြို့ကြီးတမြို့မှာ မြို့တော်ဝန် အပါအဝင် လူ ၁၆ ယောက် သေဆုံးခဲ့ပါတယ်။

ဒါဟာ အစ္စရေးရဲ့ လေကြောင်းစစ်ဆင်ရေး စတင်ချိန်က စပြီး လက်ဘနွန်နိုင်ငံပိုင် အဆောက်အအုံကို အကြီးမားဆုံး တိုက်ခိုက်မှု ဖြစ်လာခဲ့ပါတယ်။

ပြည်နယ်မြို့တော် နာဘာတီယာမှာ လူပေါင်း ၅၀ ကျော် ဒဏ်ရာရခဲ့တဲ့ ဒီတိုက်ခိုက်မှုကို လက်ဘနွန် အာဏာပိုင်တွေက ရှုတ်ချပြီး အစ္စရေးရဲ့ ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့ကို ဆန့်ကျင်တဲ့ စစ်ဆင်ရေးဟာ အခု လက်ဘနွန်နိုင်ငံကို ပစ်မှတ်ထားဖို့ ပြောင်းလဲနေပြီလို့ သက်သေပြခဲ့ပါတယ်။

အစ္စရေး ကာကွယ်ရေးဝန်ကြီး ယိုအတ်ဗ် ဂေါလန့်ကတော့ အစ္စရေးမြောက်ပိုင်း နယ်စပ်နားကို အလည်အပတ်ရောက်နေပြီး အစ္စရေးဟာ ဟစ်ဇ်ဘိုလာတွေကို တိုက်ခိုက်တာ ရပ်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာလည်း အောက်တိုဘာ ၁၆ ရက်က ယီမင်နိုင်ငံရှိ ဟူသီထိန်းချုပ် နယ်မြေတွေထဲက မြေအောက် လက်နက်သိုလှောင်ရာ နေရာ ၅ ခုကို အတိအကျ တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ် - CENTCOM က ထုတ်ပြန်ပါတယ်။

သူ့ရဲ့တိုက်ပွဲအတွင်း ပျက်စီးဆုံးရှုံးမှု အကဲဖြတ်မှုတွေကို လုပ်ဆောင်နေပြီး အရပ်သား ထိခိုက်ကျဆုံးမှုကို ညွှန်ပြခြင်းမရှိဘူး လို့ ထုတ်ပြန်ချက်ထဲမှာ CENTCOM က ပြောပါတယ်။

အခုလအစောပိုင်းမှာ အမေရိကန်စစ်တပ်ဟာ အီရန်နဲ့ မဟာမိတ်ပြုထားတဲ့ ယီမင်ရှိ ဟူသီတိုက်ခိုက်ရေးသမားတွေနဲ့ ဆက်နွှယ်နေတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်မှု ၁၅ ကြိမ် ပြုလုပ်ခဲ့ပြီးနောက်မှာ အခုတိုက်ခိုက်မှု ထွက်ပေါ်လာတာပါ။

ယီမင်မှာ စစ်စခန်းတွေနဲ့ လေဆိပ်တွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက သတင်းပေးပို့ကြပါတယ်။

ယီမင်ရှိ ဟူသီတိုက်ခိုက်ရေးသမားတွေဟာ နိုဝင်ဘာလကတည်းက ပင်လယ်နီ ဖြတ်ကူးသင်္ဘောတွေကို တိုက်ခိုက်မှု အကြိမ် ၁၀၀ နီးပါး ပြုလုပ်ခဲ့ပြီး ဂါဇာမှာ အစ္စရေးရဲ့ တနှစ်ကြာစစ်ပွဲမှာ ပါလက်စတိုင်းတွေနဲ့ တစည်းတလုံးတည်းရှိကြောင်း ပြောကြားခဲ့ပါတယ်။

သူတို့ဟာ သင်္ဘော ၂ စင်းကို နှစ်မြှုပ်ခဲ့ပြီး နောက်ထပ်တစင်းကို ဖမ်းဆီးထားကာ အနည်းဆုံး သင်္ဘောသား ၄ ယောက် သေဆုံးခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013