DVB Logo
Home
အားကစား
တန်ဖိုးအရှိဆုံးအသင်း လူစာရင်းတွင် ရီးရဲလ်မက်ဒရစ်က ထိပ်ဆုံးနေရာ ရပ်တည်
DVB
·
October 17, 2024
တန်ဖိုးအရှိဆုံးအသင်း လူစာရင်းတွင် ရီးရဲလ်မက်ဒရစ်က ထိပ်ဆုံးနေရာ ရပ်တည်
Donate to DVB

တန်ဖိုးအရှိဆုံးအသင်းလူစာရင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းက အမှတ်အများဆုံးနဲ့ ပထမနေရာမှာ ရပ်တည်နေပါတယ်။

ဘောလုံးအချက်အလက် လေ့လာရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ CIES  ရဲ့ ထုတ်ပြန်ချက်အရ ရီးရဲလ်အသင်းကစားသမာတွေရဲ့ စုစုပေါင်းတန်ကြေးက ပေါင် ၁ ဒသမ ၄၅ ဘီလီယံ တန်ဖိုးရှိပြီး တန်ဖိုးအရှိဆုံးအသင်းအဖြစ် ရပ်တည်ခဲ့တာပါ။

မန်စီးတီးအသင်းရဲ့ လူစာရင်းတန်ဖိုးက ပေါင် ၁ ဒသမ ၂၃ ဘီလီယံနဲ့ အဆင့် ၂၊ ချဲလ်ဆီးက ပေါင် ၁ ဒသမ ၁၆ ဘီလီယံနဲ့ အဆင့် ၂၊ အာဆင်နယ်က ပေါင် ၁ ဒသမ ၀၃ ဘီလီယံနဲ့ အဆင့် ၄ နေရာတွေမှာ အသီးသီးရပ်တည်ပါတယ်။

အဲဒီနောက်မှာ ဘာစီလိုနာ၊ လီဗာပူး၊ ပီအက်စ်ဂျီ၊ မန်ယူ၊ စပါးနဲ့ လီဗာကူဆင်အသင်းတွေက ထိပ်ဆုံး ၁၀ သင်းစာရင်းမှာပါဝင်ခဲ့ ပါတယ်။

ကမ္ဘာ့တန်ဖိုးအရှိဆုံး ထိပ်ဆုံး ၁၀ သင်းမှာ ၆ သင်းက ပရီးမီးယားလိဂ်အသင်းတွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013