DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် ကုလအစီအစဉ်ဖြင့် Safe Zone ထားပေးရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တောင်းဆို
DVB
·
October 16, 2024
ရခိုင်တွင် ကုလအစီအစဉ်ဖြင့် Safe Zone ထားပေးရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တောင်းဆို
Donate to DVB

မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ထဲမှာ ကုလသမဂ္ဂရဲ့ အစီအစဉ်နဲ့ ဘေးကင်းဇုန် Safe Zone ဖန်တီးပေးဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် မိုဟာမက် ယူနွတ်စ်က တောင်းဆို လိုက်ပါတယ်။

မြို့တော် ဒါကာမှာ ကုလသမဂ္ဂရဲ့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ် အန်ဒရူးစ်နဲ့ တွေ့ဆုံချိန်မှာ ခုလိုပြောလိုက်တာဖြစ်ပြီး ဒါဟာ ရွှေ့ပြောင်းဒုက္ခသည်တွေကို ကူညီဖို့နဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ဖြစ်တယ်လို့  Anadolu Agency သတင်းမှာ ဖော်ပြပါတယ်။

ဝန်ကြီးချုပ်က သူ အဆိုပြုထားတဲ့ ဘေးကင်းဇုန်ဟာ ထိခိုက်ခံစားရတဲ့ လူမှုအသိုင်းအဝိုင်းအတွက် “အကူအညီရယူနိုင်ဖို့ အကောင်းဆုံးနည်းလမ်း” ဖြစ်နိုင်ခြေရှိပြီး အကျပ်အတည်းကို ဖြေရှင်းဖို့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ ဒုက္ခသည်တွေ စီးဆင်းမှုကို လျှော့ချဖို့အတွက် “ကောင်းမွန်တဲ့ အစပျိုးမှု” ဖြစ်တယ်လို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေထဲမှာတော့ သန်းနဲ့ချီတဲ့ အိုးမဲ့အိမ်မဲ့တွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေဟာ အထူးသဖြင့် ရိုဟင်ဂျာတွေအတွက် အရေးတကြီး လိုအပ်နေတာကြောင့် “ကြီးမားတဲ့ အကျပ်အတည်း” အဖြစ် တိုးလာတယ်လို့  တွမ် အန်ဒရူးစ်က သဘောတူညီထားပါတယ်။

ဒေသခံ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မြန်မာစစ်အုပ်စုကြား ကာလရှည်ကြာ တိုက်ပွဲနဲ့ ပဋိပက္ခတွေ ပိုမိုပြင်းထန်လာနေတဲ့ ရခိုင်ပြည်နယ်ထဲက မကြာသေးမီ ရက် သတ္တပတ်တွေအတွင်း ရိုဟင်ဂျာ ၃၀၀၀၀ လောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကြောင့် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁ ဒသမ ၂ သန်းလောက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံထားပြီးဖြစ်ကာ အများစုကတော့ ကော့ဘဇားဒေသတွင်းက လူပြည့်ကျပ်နေတဲ့ စခန်းတွေထဲမှာ နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် မိုဟာမက် ယူနွတ်စ်က အာဆီယံအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ရခိုင်ပြည်နယ် အကျပ်အတည်းကို  အရေးယူဆောင်ရွက်ဖို့နဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်နေရာချထားရေးအတွက် ကုလသမဂ္ဂအနေနဲ့ ပံ့ပိုးကူညီပေးဖို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

Source: Anadolu Agency 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013