DVB Logo
Home
နိုင်ငံတကာ
အီလွန်မတ်စ်ခ်က ရီပတ်ဘလစ်ကန်ပါတီကို ဒေါ်လာ ၇၅ သန်းလှူ
DVB
·
October 16, 2024
အီလွန်မတ်စ်ခ်က ရီပတ်ဘလစ်ကန်ပါတီကို ဒေါ်လာ ၇၅ သန်းလှူ
Donate to DVB

ဒေါ်လာ ၇၅ သန်း လှူဒါန်းထားတဲ့ Tesla သူဌေး အီလွန်မတ်စ်ခ်ဟာ ရီပတ်ဘလစ်ကန်ပါတီရဲ့ အကြီးဆုံးအလှူရှင် ဖြစ်လာပါတယ်။

အီလွန်မတ်စ်ခ်ဟာ သမ္မတရွေးကောက်ပွဲအတွက် ၃ လကြာ ပြင်ဆင်နေတဲ့ သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်ရဲ့ Pro Trump အဖွဲ့ကို အဓိက လှူဒါန်းမှုပြုလုပ်နေတဲ့ အရေးပါတဲ့ ဘီလီယံနာတယောက် ဖြစ်ပါတယ်။

အမေရိကန်ရွေးကောက်ပွဲကို နိုဝင်ဘာ ၅ ရက်မှာ စတင်ပြုလုပ်မှာဖြစ်ပြီး ဇူလိုင်ကနေ စက်တင်ဘာလအထိ ၃ လအတွင်း ပါတီတွေရဲ့ မဲဆွယ်ကာလအတွင်း ငွေကြေးအသုံးပြုရတာ ဖြစ်ပါတယ်။

သုံးစွဲထားတဲ့ ငွေပမာဏကိုလည်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ထံကို ၃ လအတွင်း ဒေါ်လာ ၇၂ သန်း သုံးစွဲထားကြောင်း ကြေညာထားတာ ဖြစ်ပါတယ်။

ပြည်နယ်တွေရဲ့ မဲဆွယ်ယှဉ်ပြိုင်မှုတွေက ရွေးကောက်ပွဲရဲ့ ရလဒ်ကို ဆုံးဖြတ်ပေးနိုင်မှာဖြစ်လို့ အမေရိကန်နိုင်ငံရေးလှုပ်ရှားမှု ကော်မတီကလည်း မဲပေးသူတွေကို ‌အာရုံစိုက်နေပါတယ်။

အီလွန်မတ်စ်ခ်ဟာ အရင်တုန်းက ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းတွေကို မဲပေးခဲ့ဖူးကြောင်း ပြောဆိုခဲ့ပြီး ဒီရွေးကောက်ပွဲမှာ မှန်ကန်တိကျတဲ့ ရွေးချယ်မှုကို ပြုလုပ်ရမယ်လို့ ဆိုပါတယ်။

အီလွန်မတ်စ်ခ်ဟာ ဒီလအစောပိုင်းက ပန်ဆယ်‌ဗေးနီးယားမှာ ထရမ့်ပ်နဲ့အတူ မဲဆွဲပွဲမှာ တွေ့ခဲ့ရပြီး ဇူလိုင်လတုန်းကလည်း ထရမ့်ပ်ကို ထောက်ခံကြောင်း ပြောဆိုထားပါတယ်။

ရိုက်တာက အီလွန်မတ်စ်ခ်ဟာ တရားဝင်ပံ့ပိုးမှု မပြုလုပ်မီ ရီပတ်ဘလစ်ကန်ပါတီကို နှစ်ပေါင်းများစွာ လျှို့ဝှက်ပြီး ငွေကြေးထောက်ပံ့မှု ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အီလွန်မတ်စ်ခ်ရဲ့ လှူဒါန်းမှုတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ အမေရိကန် နိုင်ငံရေးလှုပ်ရှားမှုအဖွဲ့က ပြောဆိုခဲ့ပေမဲ့ သူကတော့ ချက်ချင်း မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။

ရီပတ်ဘလစ်ကန်ပါတီကို လှူဒါန်းမှုပြုလုပ်တဲ့သူတွေအနက် ဘဏ်သူဌေးကြီး တီမိုသီမယ်လွန်နဲ့ ကာစီနို ဘီလီယံနာ မီရမ်အေဒယ်ဆန်တို့ ပါဝင်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013